ကားမွာထည္.ေနတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာေတြလဲ ? ပရီမီယမ္ ဓာတ္ဆီ ၊ ပရီမီယမ္ ဒီဇယ္ဆီဆိုတာဘာလဲ ?

ကားမွာထည္.ေနတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာေတြလဲ ? ပရီမီယမ္ ဓာတ္ဆီ ၊ ပရီမီယမ္ ဒီဇယ္ဆီဆိုတာဘာလဲ ?

ဓာတ္ဆီဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းေနတဲ့ ေအာက္တိန္းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာေလးနည္းနည္းရွင္းျပခ်င္လို.ပါ ။

Octane ဆိုတာ……
ေတာ္ေတာ္မ်ားမ်ားေခၚေဝၚေျပာဆိုေနၾကတဲ့ ေအာက္တိန္းဆိုတာ ေရနံနဲ.သဘာ၀ ဓာတ္ေငြ.ကေနလာတဲ့ (Hydrocarbon) ဓာတ္ေပါင္းစုေတြထဲက နာမည္တခုပါ ။

အခု ကားေတြမွာထည္.တဲ့ ဓာတ္ဆီေတြကို ဘာေၾကာင့္ ေအာက္တိန္းဆီလို. ေခၚၾကတာလဲဆိုရင္ ဓာတ္ဆီ ( Gasoline) ရဲ. အေကာင္းဆုံးေသာ အရည္အေသြးျပည္.မွီ မမွီကို အဲ့ဒီဓာတ္ဆီထဲမွာ ေအာက္တိန္းအေရအတြက္ဘယ္ေလာက္ပါ၀င္သလဲဆိုတာနဲ.တိုင္းတာယူလို.ပါပဲ ။ Octane Rating Method လို.လဲေခၚသလို ၊

Research Octane Number (RON) လို.လည္းေခၚၾကပါတယ္ ။ ကားေတာ္ေတာ္မ်ားမ်ားမွာလည္း 92 RON , 95 RON ဆိုၿပီးကပ္ထားတာလည္း ျမင္ေတြ.ႏိုင္ပါတယ္ ။

Octane Number က ကားအင္ဂ်င္ရဲ.စြမ္းအားနဲ. ဘယ္လိုဆက္ႏြယ္ေနသလဲ …….

ဓာတ္ဆီရဲ. ေအာက္တိန္း အရည္အေသြးအနိမ့္အျမင့္ေတြဟာ ဓာတ္ဆီအင္ဂ်င္တခုရဲ. Compression Ratio (ဖိသိပ္မႈအခ်ိဳး ) နဲ.တိုက္႐ိုက္ဆက္သြယ္ေနပါတယ္ ။

ဖိသိပ္မႈအားေကာင္းတဲ့အင္ဂ်င္တခုထဲကို ေအာက္တိန္းနံပါတ္နိမ့္တဲ့ (တနည္း) ဆီအရည္အေသြးနိမ့္တဲ့ ဓာတ္ဆီထည္.လိုက္မိတယ္ဆိုရင္ (Engine Knocking and Pre-Ignition) ဆိုတဲ့ အင္ဂ်င္မီးေခါက္တဲ့ျပသနာေတြႀကဳံေတြလာရပါတယ္ ။ ဘာေၾကာင့္ ဆီအရည္အေသြးနိမ့္ရင္ အင္ဂ်င္မီးေခါက္ရသလဲဆိုေတာ့ ဓာတ္ဆီအင္ဂ်င္ေတြမွာလည္း ေလနဲ.ဆီကို ေရာေႏွာၿပီး Piston ကေနဖိသိပ္ၿပီးမွ ပလပ္ကေန မီးပြားခတ္ၿပီးမီးေလာင္ရပါတယ္ ။

အဲ့လိုေနရာမွာ ေအာက္တိန္းအရည္အေသြးနိမ့္တဲ့ ဆီကိုအသုံးျပဳ
မိလိုက္တယ္ဆို ပလပ္က မီးပြားမခတ္ခင္ Piston ကေနဖိသိပ္လိုက္တယ္ဆိုရင္ပဲ အရည္အေသြးနိမ့္တဲ့ ဓာတ္ဆီဟာ ( Self-Ignition ) အလိုအေလ်ာက္သူ.ဘာသာမီးထေလာင္ကြၽမ္းပါတယ္ ။အဲ့အတြက္ Engine Timing ေတြေအာက္ကုန္ၿပီး အင္ဂ်င္မီးေခါက္သံေတြၾကားရပါတယ္ ။ကာလၾကာရွည္လာရင္ အင္ဂ်င္ကို အတိုင္းအတာတခုအထိ ထိခိုက္ေစႏိုင္ပါတယ္ ။

Octane Number ျမင့္ေလေလ Piston ကေနဖိသိပ္တဲ့ Compression Ratio (ဖိသိပ္မႈအခ်ိဳး ) ကို ပိုခံႏိုင္ေလေလ ျဖစ္ၿပီး ညင္သာေခ်ာေမြတဲ့ အင္ဂ်င္မီးေလာင္ေပါက္ကြဲမႈကို ျဖစ္ေစပါတယ္ ။ Research Octane Number (RON) ေတြကို တိုင္းတာတဲ့ေနရာမွာ 90 ကေန 92 RON ပတ္၀န္းက်င္ ကို Regular ပုံမွန္ ဓာတ္ဆီလို.ေခၚၿပီး ။

95 RON ကေနစလို. 96 ၊ 97 ကေန 100 RON ေတြကိုေတာ့ (Premium) ပရီမီယံ ဓာတ္ဆီလို.သတ္မွတ္ထားပါတယ္ ။ က်ေနာ္တို. ျမန္မာႏိုင္ငံမွာေတာ့ ေအာက္တိန္းအရည္အေသြး
95 RON ေတြကိုအမ်ားဆုံးေရာင္းခ်ေနၿပီး အျခားဖြံ.ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာ့ 95 အထက္ ေအာက္တိန္းနံပါတ္ျမင့္တဲ့ ဆီအမ်ိဳးအစားေတြကို အသုံးျပဳၾကပါတယ္ ။

မွတ္ခ်က္အေနနဲ.ကေတာ့ အင္ဂ်င္ရဲ. ဖိသိပ္မႈအရည္အေသြး တနည္းအင္ဂ်င္ပါဝါျမင့္တဲ့ကားေတြမွာ ပရီမီယံအဆင့္ ေအာက္တိန္းနံပါတ္အျမင့္ ဓာတ္ဆီေတြကိုအသုံးျပဳသင့္ၿပီး ၊

အင္ဂ်င္ပါဝါက်ေနတဲ့ကားေတြမွာေတာ့ ေအာက္တိန္းနံပါတ္အျမင့္ ပရီမီယံဂရိတ္ဓာတ္ဆီကိုအသုံးျပဳရင္ေတာင္ အက်ိဳးေက်းဇူးအနည္းငယ္ပဲရရွိမွာျဖစ္ပါတယ္ ။
ဒါက Octane ဆီေခၚ ပရီမီယံ ဓာတ္ဆီအေၾကာင္းပါ ။

ပရီမီယံ ဒီဇယ္ဆိုတာ ဓာတ္ဆီအရည္အေသြးကို ေအာက္တိန္းနံပါတ္နဲ.တိုင္းတာလို. ( Octane ) ဆီဆိုၿပီး ျမန္မာႏိုင္ငံက လူေတြေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္ ။ အဲ့ဒီလိုပဲ ဒီဇယ္ရဲ.အဆင့္အရည္အေသြး
ကိုတိုင္းတာတဲ့ ယူနစ္တခုရွိပါတယ္ ။အဲ့ဒါကိုေတာ့ ဆီတိန္းနံပါတ္ ( Cetane Number ) လို.ေခၚပါတယ္ ။ က်ေနာ္ျမင္ဖူးသေလာက္ ဆီဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ဆီတိန္းနံပါတ္ဆိုၿပီး ေဖာ္ျပထားတာမေတြ.ရပါဘူး ။ ဒီဇယ္ကိုေတာ့ အေျခခံအားျဖင့္ ဓာတ္ဆီလိုပဲ ဆီတိန္းနံပါတ္ဘယ္ေလာက္ပါ၀င္သလဲဆိုတာနဲ.တိုင္းတာၿပီး ဆီထဲမွာ အျခား Energy ဘယ္ေလာက္ပါသလဲ

ေစးပ်စ္ႏႈန္းဘယ္ေလာက္ရွိသလဲ ၊ ေခ်ာဆီအဆင့္ဘယ္ေလာက္ရွိသလဲ ၊ ဆာလဖာ ပါ၀င္မႈႏႈန္းအနည္းအမ်ားဘယ္ေလာက္ရွိသလဲဆိုတာေတြပါ တိုင္းတာၿပီး ပုံမွန္ ဒီဇယ္ ၊ ပရီမီယံဒီဇယ္
ဆိုတဲ့ စံႏႈန္းေတြသတ္မွတ္ပါတယ္ ။

အင္ဂ်င္အေပၚ ပရီမီယံဒီဇယ္ရဲ. သက္ေရာက္မႈကေတာ့ အေပၚက ဓာတ္ဆီအင္ဂ်င္မွာ ေအာက္တိန္းအရည္အေသြးအနိမ့္အျမင့္ေပၚမူတည္ၿပီးသက္ေရာက္သလိုပါပဲ ။

ပုံမွန္အရည္အေသြး ဒီဇယ္ေတြမွာ ဆီတိန္း (Cetane Number ) 40 -45 ေလာက္ရွိၿပီး ၊ 53-55 ကေနၿပီး ဆီတိန္းနံပါတ္အျမင့္ ဆီေတြကိုေတာ့ (Premium Diesel ) ပရီမီယံ ဂရိတ္ဒီဇယ္ဆိုၿပီး
စံႏႈန္းသတ္မွတ္ထားပါတယ္ ။

ဒါကေတာ့ ပရီမီယံဒီဇယ္အေၾကာင္းပါ ။
အခ်ဳပ္ေျပာရရင္ ဓာတ္ဆီအရည္အေသြးအနိမ့္အျမင့္ကို (Octane Number )နဲ.တိုင္းတာၿပီး ၊ ဒီဇယ္အရည္အေသြးအနိမ့္အျမင့္ကို ( Cetane Number ) နဲ.တိုင္းပါတယ္ခမ်ာ ။

စာဖတ္သူမိတ္ေဆြညီကိုေမာင္ႏွမအားလုံး နည္းပညာဗဟုသုတ ႂကြယ္ဝၾကပါေစ။
crd

Unicode

ကားမှာထည်.နေတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာတွေလဲ ? ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာဘာလဲ ?

ဓာတ်ဆီဆိုင်တွေ တော်တော်များများမှာ ရောင်းနေတဲ့ အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေးနည်းနည်းရှင်းပြချင်လို.ပါ ။

Octane ဆိုတာ……
တော်တော်များများခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ.သဘာ၀ ဓာတ်ငွေ.ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။

အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ. အကောင်းဆုံးသော အရည်အသွေးပြည်.မှီ မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေအတွက်ဘယ်လောက်ပါ၀င်သလဲဆိုတာနဲ.တိုင်းတာယူလို.ပါပဲ ။ Octane Rating Method လို.လဲခေါ်သလို ၊

Research Octane Number (RON) လို.လည်းခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RON ဆိုပြီးကပ်ထားတာလည်း မြင်တွေ.နိုင်ပါတယ် ။

Octane Number က ကားအင်ဂျင်ရဲ.စွမ်းအားနဲ. ဘယ်လိုဆက်နွယ်နေသလဲ …….

ဓာတ်ဆီရဲ. အောက်တိန်း အရည်အသွေးအနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ratio (ဖိသိပ်မှုအချိုး ) နဲ.တိုက်ရိုက်ဆက်သွယ်နေပါတယ် ။

ဖိသိပ်မှုအားကောင်းတဲ့အင်ဂျင်တခုထဲကို အောက်တိန်းနံပါတ်နိမ့်တဲ့ (တနည်း) ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည်.လိုက်မိတယ်ဆိုရင် (Engine Knocking and Pre-Ignition) ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ပြသနာတွေကြုံတွေလာရပါတယ် ။ ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီးခေါက်ရသလဲဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာလည်း လေနဲ.ဆီကို ရောနှောပြီး Piston ကနေဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွားခတ်ပြီးမီးလောင်ရပါတယ် ။

အဲ့လိုနေရာမှာ အောက်တိန်းအရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု
မိလိုက်တယ်ဆို ပလပ်က မီးပွားမခတ်ခင် Piston ကနေဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့ ဓာတ်ဆီဟာ ( Self-Ignition ) အလိုအလျောက်သူ.ဘာသာမီးထလောင်ကျွမ်းပါတယ် ။အဲ့အတွက် Engine Timing တွေအောက်ကုန်ပြီး အင်ဂျင်မီးခေါက်သံတွေကြားရပါတယ် ။ကာလကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာတခုအထိ ထိခိုက်စေနိုင်ပါတယ် ။

Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ratio (ဖိသိပ်မှုအချိုး ) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေတဲ့ အင်ဂျင်မီးလောင်ပေါက်ကွဲမှုကို ဖြစ်စေပါတယ် ။ Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်၀န်းကျင် ကို Regular ပုံမှန် ဓာတ်ဆီလို.ခေါ်ပြီး ။

95 RON ကနေစလို. 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို.သတ်မှတ်ထားပါတယ် ။ ကျနော်တို. မြန်မာနိုင်ငံမှာတော့ အောက်တိန်းအရည်အသွေး
95 RON တွေကိုအများဆုံးရောင်းချနေပြီး အခြားဖွံ.ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ် ။

မှတ်ချက်အနေနဲ.ကတော့ အင်ဂျင်ရဲ. ဖိသိပ်မှုအရည်အသွေး တနည်းအင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကိုအသုံးပြုသင့်ပြီး ၊

အင်ဂျင်ပါဝါကျနေတဲ့ကားတွေမှာတော့ အောက်တိန်းနံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကိုအသုံးပြုရင်တောင် အကျိုးကျေးဇူးအနည်းငယ်ပဲရရှိမှာဖြစ်ပါတယ် ။
ဒါက Octane ဆီခေါ် ပရီမီယံ ဓာတ်ဆီအကြောင်းပါ ။

ပရီမီယံ ဒီဇယ်ဆိုတာ ဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ.တိုင်းတာလို. ( Octane ) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော်များများသိကြပါတယ် ။ အဲ့ဒီလိုပဲ ဒီဇယ်ရဲ.အဆင့်အရည်အသွေး
ကိုတိုင်းတာတဲ့ ယူနစ်တခုရှိပါတယ် ။အဲ့ဒါကိုတော့ ဆီတိန်းနံပါတ် ( Cetane Number ) လို.ခေါ်ပါတယ် ။ ကျနော်မြင်ဖူးသလောက် ဆီဆိုင်တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး ဖော်ပြထားတာမတွေ.ရပါဘူး ။ ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်းနံပါတ်ဘယ်လောက်ပါ၀င်သလဲဆိုတာနဲ.တိုင်းတာပြီး ဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ

စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ ၊ ချောဆီအဆင့်ဘယ်လောက်ရှိသလဲ ၊ ဆာလဖာ ပါ၀င်မှုနှုန်းအနည်းအများဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ ပရီမီယံဒီဇယ်
ဆိုတဲ့ စံနှုန်းတွေသတ်မှတ်ပါတယ် ။

အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ. သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်းအရည်အသွေးအနိမ့်အမြင့်ပေါ်မူတည်ပြီးသက်ရောက်သလိုပါပဲ ။

ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number ) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး
စံနှုန်းသတ်မှတ်ထားပါတယ် ။

ဒါကတော့ ပရီမီယံဒီဇယ်အကြောင်းပါ ။
အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေးအနိမ့်အမြင့်ကို (Octane Number )နဲ.တိုင်းတာပြီး ၊ ဒီဇယ်အရည်အသွေးအနိမ့်အမြင့်ကို ( Cetane Number ) နဲ.တိုင်းပါတယ်ခမျာ ။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
crd

Leave a Reply

Your email address will not be published. Required fields are marked *