ထိုင်း FDA ကဖော်ထုတ်လိုက်တဲ့ ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံက သွင်းတဲ့ တိုင်းရင်းဆေးရဲ့ အန္တရာယ်..





ခဏခဏ ဖမ်းမိနေဆဲပါ….

အထူးသတိပြုကြပါရန်…..

Credit

Unicode

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံက သွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ

ဆေးရည်ပုလင်း တစ်ပုလင်းဆီမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားတာတွေ့ရပါတယ် ။

အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြောသမားတွေ အပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြေညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ်။

ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာ
ရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ​​ကျောက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး
အသက်thayဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါ။ထိုင်းဆေးတွေ အစွမ်းထက်ပါတယ်ဒါပေမယ့် ယခုလို ဆေးအတုတွေလည်း
ခဏခဏ ဖမ်းမိနေဆဲပါ….

အထူးသတိပြုကြပါရန်…..

Thai FDA page မှ ကူးယူဖော်ပြပါသည်။
Credit

Leave a Reply

Your email address will not be published. Required fields are marked *