“စီးပြားေရးလုပ္တိုင္း ေအာင္ျမင္တတ္တဲ႔ တရုတ္လူမ်ိုးေတြအတြက္ တ႐ုတ္လူႀကီးသူမေတြ ဆုံးမေလ့ရွိတဲ့ စီးပြားေရးလမ္းၫႊန္ ၁၇ ခ်က္”

“တ႐ုတ္လူႀကီးသူမေတြ ဆုံးမေလ့ရွိတဲ့ စီးပြားေရးလမ္းၫႊန္ ၁၇ ခ်က္”

၁။ ဆိုင္ေနရာေကာင္းျခင္းဟာ ဆိုင္ႀကီးတာ ငယ္တာထက္ ပိုအေရးႀကီးတယ္။

၂။ ေရာင္းကုန္ရဲ႕ အရည္အေသြးဟာ ဆိုင္ေနရာထက္ ပိုအေရးႀကီးေနတတ္ ျပန္တယ္။

၃။ စကားခ်ိဳခ်ိဳသာသာ ေစ်းေရာင္းတတ္ျခင္းဟာ အေရးႀကီးပါတယ္။ ေဖာက္သည္ကို ပိုၿမဲေစပါတယ္။

၄။ အရင္းအႏွီး နည္းတာကို စိုးရိမ္ျခင္းထက္၊ ယုံၾကည္မႈ နည္းတာကို ပိုစိုးရိမ္သင့္ပါတယ္။

၅။ ဆိုင္ကို လွလွပပ ခင္းက်င္းတတ္ျခင္းဟာ အေရးႀကီးေပမဲ့ နည္းနည္း ရႈပ္ပြေနတဲ့ ဆိုင္ငယ္ကေလးက ပိုေရာင္းေကာင္းေနတတ္ပါတယ္။ေစ်းခ်ိဳတယ္ဆိုတာကို ဝယ္ယူသူမ်ားက ထင္ျမင္သြားေစလို႔ပါ။

၆။ ဝယ္သူကို ေတာက္ေလွ်ာက္လိုက္ကပ္ေနတာမ်ိဳး၊ မဝယ္မခ်င္းတိုက္တြန္းေနတာမ်ိဳး ေရွာင္ၾကဥ္ပါ။

၇။ ပိုက္ဆံ တစ္က်ပ္သုံးႏိုင္တဲ့ သူကိုလည္း ပိုက္ဆံ တစ္ရာသုံးႏိုင္တဲ့သူလိုပဲ မွ်မွ်တတ ဆက္ဆံပါ။

၈။ ေငြလည္ပတ္မႈ ျမန္ဆန္ပါေစ။

၉။ ဝယ္သူရဲ႕ ေရွ႕မွာ ဆိုင္ဝန္ထမ္းေတြကို ဆဲဆိုအျပစ္တင္ျခင္းဟာ ဝယ္သူကို ေမာင္းထုတ္တာပါ။

၁၀။ နည္းနည္း၊ မ်ားမ်ား လက္ကားေဖာက္သည္ကို အမ်ိဳးလို သေဘာထားပါ။ တတ္ႏိုင္သမွ် သူတို႔ရဲ႕ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးပါ။

၁၁။ ေရာင္းကုန္ပစၥည္း ျပတ္သြားတယ္ဆိုတာ ေဖာက္သည္ကို လ်စ္လ်ဴရႈတာ၊ ေစာ္ကားတာနဲ႔ အတူတူပဲ။

၁၂။ ေစ်းႏူန္းတစ္ခုတည္း ျဖစ္ပါေစ။တစ္ခုခုေၾကာင့္ ေစ်းေလွ်ာ့ေရာင္းျခင္းဟာ စိတ္ရႈပ္ေထြးမူကို ျဖစ္ေစတတ္ပါတယ္။ ကတိကို ထိခိုက္ႏိုင္ေစပါတယ္။

၁၃။ ဘယ္သူ႔ကိုမွ အတင္းေရာင္းခ်ျခင္း မျပဳပါနဲ႔။ ဝယ္သူ ႀကိဳက္တဲ့ပစၥည္းဟာ ဝယ္သူ အက်ိဳးရွိေစတဲ့ ပစၥည္းလည္း ျဖစ္ပါေစ။

၁၄။ စကၠဴ တစ္႐ြက္ပဲျဖစ္ျဖစ္၊ လက္ေဆာင္ကို လူတိုင္းႏွစ္သက္တတ္ၾကပါတယ္။

၁၅။ ကေလးမ်ားဟာ ေက်းဇူးရွင္ပါ။ ဝယ္သူမ်ားက ကေလးကို ေခၚေဆာင္လာတာပဲ ျဖစ္ျဖစ္၊
ကေလးေစ်းလာဝယ္တာပဲ ျဖစ္ျဖစ္ အထူးဂ႐ုစိုက္ေပးပါ။ (ကေလးကို လႊတ္တာေတာင္ ျဖစ္သလို မလုပ္ဘူး) ဆိုတာ သိပါေစ။

၁၆။ အသစ္ထြင္ပါ။ ဝယ္သူကို ဆြဲေဆာင္ႏိုင္ေအာင္ အၿမဲႀကိဳးစားပါ။

၁၇။ အေရာင္းအဝယ္ ႀကီးႀကီးေသးေသး အစြမ္းကုန္ ႀကိဳးစားပါ။ ဆိုင္တစ္ခုလုံး ရွင္သန္ေနပါေစ။
ဝယ္သူ မ်ားလာေအာင္ ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။
crd

Unicode

“တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် ၁၇ ချက်”

၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ၊ စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ။တစ်ခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့။ ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်သလို မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။
crd

Leave a Reply

Your email address will not be published. Required fields are marked *