ဆံပင်ဖြူတွေ အလွယ်တကူ တစ်ခါပြန်နက်နိုင်ဖို့ မာလကာရွက်ကို အသုံးပြုနည်း (လွယ်လွယ်လေးပါပဲ)















crd

Unicode

မာလကာရွက်နဲ့ ဆံပင်ဖြူတွေ ပြန်နက်ဖို့ ဒီလောက် လွယ်လွယ်လေးပဲနော်

ဆံပင်ဖြူကိုပြန်နက်ပြီးနက်မှောင်သော ဆံပင်ရဖို့ မာလကာရွက်ကိုအသုံးပြုနည်း

ဆံပင်ဟာလူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်လို့ဆံပင်ကို

အင်မတန်မှဂရုစိုက်သင့်ပါတယ် ဆိုရိုးစကားအရမိန်းမတို့ဘုန်းဆံထုံးလို့လဲဆိုရိုးစကားရှိကြပါတယ် မိန်းကလေးတွေဟာဆံပင်

အတွက်အလွန်အရေးပါလှပါတယ် အဘယ်ကြောင့်ဆိုသော် ဆံပင်ရှည်သောမိန်းကလေးကမိန်းကလေးချင်းပင်လျှင်အား

ကြရုံသာမကယောကျာ်းများကလဲ ဆံပင်ကောင်းတဲ့မိန်းကလေးကိုနှစ်လိုဖွယ်ရှိကြပါတယ် မိန်းမကလေးများသာမကယောကျာ်း

လေများဟာလည်း ဆံပင်အုံထူဖို့ အရမ်းလိုအပ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ဆံပင်ပါးပြီး ထိပ်ပျောင်နေ

ရင်ကြည့်ရင်တာအဆင်မပြေသလိုကိုယ့်ကိုယ်လည်းအားမရကြပါဘူးအသက်မကြီးသေးပဲဆံပင်ဖြူနေတာကြီးကလည်းသိပ်သဘာဝ

မကြဘူးလို့ထင်တယ်ဒါကြော့မိန်းကလေးယောကျာ်းလေးနှစ်မျိုးစလုံးသုံးရတာလွယ်ကူစေမဲ့သဘာဝနည်းကောင်းတစ်လက်ကို ဖော်ပြရချင်းဖြစ်ပါတယ်

ပထမဆုံးအနေနဲ့မိမိလိုအပ်သလောက်မလကာရွက်ကိုခူးယူပါဥပမာအရွက်၁၅ရွက်လောက်ဖြစ်ဖြစ်ယူပါ

ပြီးရင်ကပ်ကြေးဖြင့်ညှပ်ပေးပါအားလုံးညှပ်ပေးပြီးပါကမာလကာရွက်ကိုအရည်ရအောင်ပြုလုပ်ပါဥပမာဖျော်စက်နဲ့ကြိပ်တာဖြစ်ဖြစ်ထောင်းတာဖြစ်ဖြစ်ပြုလုပ်ပါ

ထိုသို့ပြုလုပ်ပြီးပါကပုံမှာပြထားသည့်အတိုင်းအရည်ရအောင်လုပ်ပြီးပါကစစ်ခပ်လို့ရမဲ့ဇကာတစ်ခုဖြင့်စစ်ပါထိုသို့စစ်ပြီးအရည်များရရှိလာပါကဆံပင်သို့လိမ်းပါတစ်နာရီလောက်ကြာအောင်ထားပြီးခေါင်းကိုလျော်ချပစ်ပါ

ထိုသို့ တစ်ပတ်ကိုသုံးကြိမ်လောက်လုပ်ပေးခြင်းအားဖြင့်ဆံပင်ဖြူနေတာတွေကိုပြန်နက်စေပြီးဆံပင်ကိုအားဖြည့်ပေးစေပါသည်ဆံပင်ကို လည်းနက်မှောင်ရှည်လျှားလာစေပါတယ်ဒါကြောင့်တစ်ပတ်ကိုသုံးခါလောက်လုပ်ပေးဖို့လုပ်အပ်ပါတယ်

ထိုသို့လုပ်ပေးခြင်းအားဖြင့်သင်ရဲ့ဆံပင်ကိုပိုထူအုံလာစေပြီးအားလုံးရဲ့ဂရုစိုက်ခြင်းကိုခံရပါလိမ့်မယ်

ဆံပင်ရှည်နေတဲ့မိန်းကလေး ကလူတိုင်းငေးမောရသလိုဆံပင်သန်တဲ့ယောကျာ်းလေးကလဲတစ်မျိုးလှနေကြတာသဘာဝပါဒါကြောင့်ဒီနည်းလေးကိုဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
crd

Leave a Reply

Your email address will not be published. Required fields are marked *