ဆိုလာ သုံးသူမ်ား အႏၱရာယ္ကင္းကင္းသံုးနိုင္ဖို႔ မျဖစ္မေနသိထားသင့္တဲ့ အသုံးျပဳပုံအဆင့္ဆင့္……

Solar ျပား ႏွင့္ Controller သိေကာင္းစရာ

ျမန္မာျပည္ မွာဆိုလာျပားႏွင့္ဘက္တရီေၾကာင့္ မီးေလာင္ လူေသမူမ်ားရွိလာ၍ ဗဟုသုတ အျဖစ္တင္ျပပါသည္

(၁) ဆိုလာအလင္းလွ်ပ္စစ္ဆိုသည္မွာ

ေနေရာင္ျခည္အလင္းစြမ္းအင္မွ လွ်ပ္စစ္စြမ္းအင္သို႔တိုက္႐ိုက္ေျပာင္းလဲေပးႏိုင္ေသာနည္းပညာ ျဖစ္ပါသည္ ေနအလင္းေရာင္တြင္ပါ၀င္ေသာ အလင္းမႈန္မ်ားမွဆိုလာျပားအတြင္းရွိလွ်ပ္စစ္ဓာတ္မႈန္မ်ားကို ႐ိုက္ထုတ္ျခင္းျဖင့္ လွ်ပ္စီးေၾကာင္းကိုျဖစ္ေပၚေစျခင္းျဖစ္ပါသည္

(၂) ဆိုလာဆဲလ္ ဆိုသည္မွာ အဘယ္နည္း

ဆိုလာဆဲလ္ ဆိုသည္မွာအလင္းစြမ္းအင္ကိုလွ်ပ္စစ္စြမ္းအင္အျဖစ္ေျပာင္းလဲေပးေသာအရာ ျဖစ္ပါသည္ ဆဲလ္မ်ားသည္မည္သည့္ စြမ္းအင္ကိုမွ်သိုေလွာင္ေပးႏိုင္ျခင္းမရွိေသာေၾကာင့္ မည္သည့္အလင္းေရာင္ (ေနေရာင္ျခည္) မွမရရွိေတာ့သည့္အခါ ဆဲလ္အတြင္း၌ လွ်ပ္စစ္ စီးဆင္းမႈမရွိေတာ့ေပ

(၃) Charge Controller ဆိုတာ ဘာလဲ

Charge Controller ဆိုသည္မွာ ဘကၳရီအား အနည္းအမ်ားေပၚမူတည္ၿပီး အားသြင္းျခင္းအား ထိန္းညႇိေပးေသာစက္ကိရိယာျဖစ္ပါသည္ ထိုကိရိယာအသုံးျပဳျခင္းျဖင့္ ဘကၳရီအားသြင္းစဥ္ အားလြန္ျခင္းမျဖစ္ေပၚ ႏိုင္၍ အားလြန္ျခင္းေၾကာင့္ ဘကၳရီပ်က္စီးျခင္းမွ ကာကြယ္ေပးပါသည္

(၄) Charge Controller ဘာေၾကာင့္ အသုံးျပဳရတာလဲ

သင္သည္ ကြၽမ္းက်င္ေသာ လွ်ပ္စစ္ပညာရွင္တစ္ေယာက္ မဟုတ္ခဲ့လွ်င္ ဘကၳရီအားျပည့္၊ မျပည့္အလြယ္တကူ သိႏိုင္မည္မဟုတ္ပါ ထိုေၾကာင့္ အားလြန္သြားခဲ့လွ်င္ သင့္၏ဘကၳရီ ပ်က္စီးမႈကို ကာကြယ္ရန္အတြက္ Charge Controller ကိုအသုံးျပဳရပါသည္

(၅)ဆိုလာျပား မွမီးေလာင္ရျခင္းမ်ား

ဆိုလာျပားမွ တစ္ဆင့္ မီးေလာင္မႈအခ်ိဳ႕မွာ အားသြင္းရာ တြင္ အဓိကအေရးပါသည့္ (Charge Controller) ဘက္ထရီ အားျပည့္ခါနီးႏွင့္ ျပည့္ေသာအ ခါ လွ်ပ္စီးႏႈန္းကို ထိန္းခ်ဳပ္ေပး သည့္ ကိရိယာမတပ္ဆင္ၾကျခင္းေၾကာင့္ျဖစ္ပြါးႏိုင္ပါတယ္

‘‘ဆိုလာကေနထြက္တဲ့ ႀကိဳးကို သင့္ေတာ္တဲ့ႀကိဳးမသုံးတအရည္အေသြးျပည့္မီတဲ့ ေၾကး ႀကိဳးမသုံးတာ ဆိုလာျပားကိုသယ္လာ သယ္သြားလုပ္ရင္း ဝိုင္ယာႀကိဳးတစ္ေလွ်ာက္ ႀကိဳးေပါက္တာကို ဂ႐ုမစိုက္မိတာ ဆိုလာျပားကိုေခါင္မိုးေပၚထားတဲ့အခါ ေသခ်ာစြာ တပ္ဆင္တုပ္ေႏွာင္ျခင္းမျပဳမိဘဲ ဘက္ထရီေရာ ဆိုလာျပားအေနာက္မွာပါ အေပါင္း အႏုတ္ငုတ္မွာ ႀကိဳးေခ်ာင္ေနတာ ၾကားထဲမွာ ႀကိဳးဆက္ထားတဲ့အပိုင္းေတြမွာမေသခ်ာတာ က မီးေလာင္ဖို႔အတြက္ ျဖစ္ေစႏိုင္ပါတယ္ ”

၆/ ဆိုလာျပား မွမီးေလာင္ျခင္းမ်ားမျဖစ္ပြါးရေအာင္

၁/Controller ခံသုံးပါ

၂/အဝင္ႀကိဳးကို သတိမွတ္ထား ေသာ original ဝါယာႀကိဳးကိုသာအသုံးျပဳပါ

၃/အိမ္၌ လူမရွိသည့္အခါမ်ိဳး ခရီးရွည္ထြက္သည့္အခါမ်ိဳးတြငိ Controller or breaker main switch ပိတ္ထားပါ

၄/ ဘက္တရီမွာ အားအဝင္မ်ား၍အသုံးမျပဳႏိုင္ေသာအခါမ်ိဳးတြင္ မီးေလာင္မႈမ်ားမျဖစ္ပြါးရေလေအာင္ ဆိုလာအဝင္ႀကိဳးကို breaker ခံပါ ပီးလွ်င္ controller ခံထားပါ ခရီးရွည္ထြက္လွ်င္လုံးဝ ပိတ္ထားခဲ့ပါ

၅/ ေနပူျပင္းေသာေႏြရာသီအခ်ိန္ကာလမ်ိဳးတြင္ဆိုလာျပားႏွင့္ ဘက္ထရီအိုးၾကား ခ်ိတ္ဆက္အသုံးျပဳသည့္ ဆိုလာဝိုင္ယာႀကိဳးကို ေနအပူဒဏ္ခံႏိုင္ရန္ႏွင့္ အပူခ်ိန္မလြန္ကဲရန္ ပိုက္လုံးထဲထည့္၍ အသုံးျပဳသင့္ေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္
Crd

Unicode

Solar ပြား နှင့် Controller သိကောင်းစရာ

မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်

(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ

နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့တိုက်ရိုက်ပြောင်းလဲပေးနိုင်သောနည်းပညာ ဖြစ်ပါသည် နေအလင်းရောင်တွင်ပါ၀င်သော အလင်းမှုန်များမှဆိုလာပြားအတွင်းရှိလျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကိုဖြစ်ပေါ်စေခြင်းဖြစ်ပါသည်

(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း

ဆိုလာဆဲလ် ဆိုသည်မှာအလင်းစွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးသောအရာ ဖြစ်ပါသည် ဆဲလ်များသည်မည်သည့် စွမ်းအင်ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှုမရှိတော့ပေ

(၃) Charge Controller ဆိုတာ ဘာလဲ

Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက်ကိရိယာဖြစ်ပါသည် ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်

(၄) Charge Controller ဘာကြောင့် အသုံးပြုရတာလဲ

သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကိုအသုံးပြုရပါသည်

(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ

ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်းကြောင့်ဖြစ်ပွါးနိုင်ပါတယ်

‘‘ဆိုလာကနေထွက်တဲ့ ကြိုးကို သင့်တော်တဲ့ကြိုးမသုံးတအရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ ဆိုလာပြားကိုသယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ ဆိုလာပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်းမပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း အနုတ်ငုတ်မှာ ကြိုးချောင်နေတာ ကြားထဲမှာ ကြိုးဆက်ထားတဲ့အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”

၆/ ဆိုလာပြား မှမီးလောင်ခြင်းများမဖြစ်ပွါးရအောင်

၁/Controller ခံသုံးပါ

၂/အဝင်ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာအသုံးပြုပါ

၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ

၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ ခရီးရှည်ထွက်လျှင်လုံးဝ ပိတ်ထားခဲ့ပါ

၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်
Crd

Leave a Reply

Your email address will not be published. Required fields are marked *