သရက္သီးရာသီခ်ိန္မွာ တစ္ႏွစ္ပါတ္လံုး ထားစားနိုင္ဖို႔အတြက္ သရက္ခ်ဥ္ အလြယ္တကူျပဳလုပ္ႏည္း….

🍀 သရက္ခ်ဥ္လုပ္နည္း 🍀

သရက္သီးရာသီ ကုန္ခါနီးပီမို႔ သရက္ခ်ဥ္လုပ္နည္း တင္ေပးလိုက္ပါတယ္။ဒါဆိုရင္ တစ္ႏွစ္စာလုံးအတြက္သရက္ခ်ဥ္ ဖူလုံေအာင္ လုပ္ထားလို႔ ရသြားပါပီ။

လုပ္ပီးသား သရက္ခ်ဥ္မ်ားကို freezer ( ခဲကန္ ) ထဲ မွာ တစ္ခါစားစာ အထုပ္ငယ္ေလးမ်ားနဲ႔
ခြဲခြဲ ထုပ္ပီး ထည့္ခဲထားပါ။သုပ္စားမယ့္ေန႔ တစ္ရက္အလိုမွ တစ္ထုပ္စီ ထုတ္ထားပီး စားသုံးပါ။

သရက္သီးရာသီကုန္ရင္ ေစ်းမွာဝယ္တဲ့ သရက္ခ်ဥ္ေတြက အခ်ဥ္စူးစူး အရသာ ျဖစ္ေနပါတယ္။
မိမိ ကိုယ္တိုင္လုပ္ပီး ထည့္ခဲထားတဲ့အတြက္ အနံ႔မေကာင္းမွာလည္း မပူရေတာ့သလို အခ်ဥ္စူးစူး အရသာလည္း ျဖစ္မေနေစေတာ့ပဲမိမိ ထည့္ထားစဥ္က အခ်ဥ္အရသာအတိုင္းသာ
ျဖစ္ေနပါလိမ့္မယ့္။

သရက္ခ်ဥ္ လုပ္ပါေတာ့မယ္။

အခ်ဥ္မစူးတဲ့ မခ်စ္စု သရက္သီးကို ဓါးနဲ႔ ေပါက္ပါ။ ( သို႔ ) အမွ်င္ႀကီးႀကီး လွီးထားပါ။ဓါးနဲ႔ လွီးရင္ ပိုလွေပမယ့္ အမ်ားႀကီးလုပ္ရင္ေတာ့ ဓါးနဲ႔ ေပါက္တာ ( သို႔ ) ျခစ္တာက ပို အဆင္ေျပပါလိမ့္မယ္။

အခ်ိဳးအစားကေတာ့

💥 သရက္သီး ၁ လုံးကို

💥 ဆား လဖက္စားဇြန္း ၁ ဇြန္း အေမာက္ပါ။

အေလးခ်ိန္နဲ႔ ေျပာရင္ေတာ့

💥 လွီးၿပီးသား သရက္မွ်င္ ( ၃၀ သား ) ကို

💥 ဆား ( ၃ က်ပ္သား ) ပါ။

💥 လွီးၿပီးသား သရက္မွ်င္ ( ၃ ပိႆာ ) ကို

💥 ဆား ( ၃၀ သား ) ပါ။
( ဒီ့ထက္ ဆားပိုထည့္ရင္ ငံသြားပါလိမ့္မယ္။ )

လွီးၿပီးသား သရက္မွ်င္ နဲ႔ ဆား ေရာနယ္လိုက္ၿပီး ကြၽတ္ကြၽတ္အိတ္နဲ႔ ဆို ၂ ထပ္ ထုပ္ပါ။ပလတ္စတစ္အိတ္နဲ႔ဆို ၁ ထပ္ပဲ ရပါတယ္။အိတ္ကို သြားၾကားထိုးတံနဲ႔ ပတ္ခ်ာလည္ အေပါက္ေဖါက္ပီး အေလးနဲ႔ ဖိထားပါ။အရည္ေတြ ထြက္က်လာပါလိမ့္မယ္။

ဒီပုံစံအတိုင္း အရည္ေတြကို မသြန္ပစ္ပဲတစ္ည သိပ္ထားပါမယ္။ေနာက္တစ္ေန႔ မနက္မွ
သရက္သီးထုပ္ကို ယူလိုက္ၿပီး အရည္ေတြ သြန္ျပစ္ပါ။

ၿပီးရင္ ထြက္လာတဲ့ အခ်ဥ္ရည္နဲ႔ မထိေစေအာင္ အျမင့္ေပၚတင္ၿပီး ထပ္ဖိ ထားေပးပါ။
အေလးႀကီးေလ အသားက်စ္ေလ ျဖစ္ပါမယ္။၂ ညဖိထားပီးေနာက္ သရက္ခ်ဥ္ရပါပီ။

မွတ္ခ်က္

က်မ စင္းႏွီတုံးက ပုစြန္ခ်ဥ္ဖိထားလို႔ သရက္ခ်ဥ္ကို င႐ုတ္ဆုံနဲ႔ ဖိျပထားတာပါ။ သရက္ခ်ဥ္ထုပ္ ပတ္ခ်ာလည္ကို အုပ္မိမယ့္ စင္းႏွီတုံးနဲ႔ ဖိတာက ပိုေကာင္းပါတယ္။

အေလးခ်ိန္မ်ားရင္ေတာ့ ပလတ္စတစ္ အထူသား အိတ္ႀကီးေတြနဲ႔ လုပ္ၿပီး အေပၚက ခဲႀကီးမ်ားနဲ႔ဖိပါ။
♦️၂ ညထပ္ ပိုဖိထားရင္ ( သို႔ )♦️ပထမရက္ ထြက္လာတဲ့ အရည္ေတြကို သြန္ပစ္ပီး
♦️ ထပ္ထြက္လာတဲ့ အရည္ေတြနဲ႔ သရက္သီးထုပ္ ထိရင္
♦️ သရက္သီး ရိသြားတတ္ပါတယ္။
Crd to Bago Daw Htwe Yee ပဲခူး ေဒၚေထြးရီ

Unicode

🍀 သရက်ချဉ်လုပ်နည်း 🍀

သရက်သီးရာသီ ကုန်ခါနီးပီမို့ သရက်ချဉ်လုပ်နည်း တင်ပေးလိုက်ပါတယ်။ဒါဆိုရင် တစ်နှစ်စာလုံးအတွက်သရက်ချဉ် ဖူလုံအောင် လုပ်ထားလို့ ရသွားပါပီ။

လုပ်ပီးသား သရက်ချဉ်များကို freezer ( ခဲကန် ) ထဲ မှာ တစ်ခါစားစာ အထုပ်ငယ်လေးများနဲ့
ခွဲခွဲ ထုပ်ပီး ထည့်ခဲထားပါ။သုပ်စားမယ့်နေ့ တစ်ရက်အလိုမှ တစ်ထုပ်စီ ထုတ်ထားပီး စားသုံးပါ။

သရက်သီးရာသီကုန်ရင် စျေးမှာဝယ်တဲ့ သရက်ချဉ်တွေက အချဉ်စူးစူး အရသာ ဖြစ်နေပါတယ်။
မိမိ ကိုယ်တိုင်လုပ်ပီး ထည့်ခဲထားတဲ့အတွက် အနံ့မကောင်းမှာလည်း မပူရတော့သလို အချဉ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ပဲမိမိ ထည့်ထားစဉ်က အချဉ်အရသာအတိုင်းသာ
ဖြစ်နေပါလိမ့်မယ့်။

သရက်ချဥ် လုပ်ပါတော့မယ်။

အချဥ်မစူးတဲ့ မချစ်စု သရက်သီးကို ဓါးနဲ့ ပေါက်ပါ။ ( သို့ ) အမျှင်ကြီးကြီး လှီးထားပါ။ဓါးနဲ့ လှီးရင် ပိုလှပေမယ့် အများကြီးလုပ်ရင်တော့ ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပို အဆင်ပြေပါလိမ့်မယ်။

အချိုးအစားကတော့

💥 သရက်သီး ၁ လုံးကို

💥 ဆား လဖက်စားဇွန်း ၁ ဇွန်း အမောက်ပါ။

အလေးချိန်နဲ့ ပြောရင်တော့

💥 လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို

💥 ဆား ( ၃ ကျပ်သား ) ပါ။

💥 လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို

💥 ဆား ( ၃၀ သား ) ပါ။
( ဒီ့ထက် ဆားပိုထည့်ရင် ငံသွားပါလိမ့်မယ်။ )

လှီးပြီးသား သရက်မျှင် နဲ့ ဆား ရောနယ်လိုက်ပြီး ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။အိတ်ကို သွားကြားထိုးတံနဲ့ ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။အရည်တွေ ထွက်ကျလာပါလိမ့်မယ်။

ဒီပုံစံအတိုင်း အရည်တွေကို မသွန်ပစ်ပဲတစ်ည သိပ်ထားပါမယ်။နောက်တစ်နေ့ မနက်မှ
သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပြစ်ပါ။

ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင် အမြင့်ပေါ်တင်ပြီး ထပ်ဖိ ထားပေးပါ။
အလေးကြီးလေ အသားကျစ်လေ ဖြစ်ပါမယ်။၂ ညဖိထားပီးနောက် သရက်ချဉ်ရပါပီ။

မှတ်ချက်

ကျမ စင်းနှီတုံးက ပုစွန်ချဥ်ဖိထားလို့ သရက်ချဥ်ကို ငရုတ်ဆုံနဲ့ ဖိပြထားတာပါ။ သရက်ချဥ်ထုပ် ပတ်ချာလည်ကို အုပ်မိမယ့် စင်းနှီတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။

အလေးချိန်များရင်တော့ ပလတ်စတစ် အထူသား အိတ်ကြီးတွေနဲ့ လုပ်ပြီး အပေါ်က ခဲကြီးများနဲ့ဖိပါ။
♦️၂ ညထပ် ပိုဖိထားရင် ( သို့ )♦️ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး
♦️ ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင်
♦️ သရက်သီး ရိသွားတတ်ပါတယ်။
Crd to Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

Leave a Reply

Your email address will not be published. Required fields are marked *