သရက္သီးေတြ ေပါေနတဲ႔အခ်ိန္ အလြယ္တကူလုပ္စားနုိင္ဖို႔ လုပ္ရလြယ္ျပီး စားျမိန္မွာေသခ်ာတဲ႔ သရက္သီး သနပ္ ျပဳလုပ္နည္း

သရက္သီးသနပ္ ပါဝင္ပစၥည္း ၁။သရက္သီးစိမ္း-၄လုံး (အေစ့ယွက္ၿပီးအရွည္လက္တဝါးစာအ႐ြယ္ စိုင္သီး (သို႔)ရင္ကြဲသီး) ၂။ဆီ-၄၀က်ပ္သား ၃။ဂ်င္း-လက္တဆစ္ ၄။ပဲနံ႔သာေစ့-၁၂ (ထမင္းစားဇြန္း )

ပဲနံ႔သာေစ့အရသာမႏွစ္သက္သူမ်ား အခြံခြၽတ္ထားတဲ့မုန္ညင္းေစ့ကို အစားထိုးျပဳလုပ္ႏိုင္ပါတယ္ေနာ္။

၅။င႐ုတ္သီးအေရာင္တင္မႈန႔္-၁ ၁/၂ (ထမင္းစားဇြန္း) ၆။ဇီယာ-၁ ၁/၂ (ထမင္းစားဇြန္း) ၇။ဆား-၃(ထမင္းစားဇြန္း)

၈။ၾကက္သြန္ျဖဴ – ၅က်ပ္သား #ဇီဇဝါခ်က္နည္းျပဳတ္နည္းမုန႔္လုပ္နည္းမ်ား ျပဳလုပ္နည္း ၁။သရက္သီးကိုအလုံးလိုက္ေရေဆးၿပီးေျခာက္ ေအာင္အဝတ္နဲ႔သုတ္ပါ။

ၿပီးရင္ထက္ျခမ္းျခမ္း ၿပီးတျခမ္းကို၈စိတ္စိတ္ပါ။ ၂။စိတ္ၿပီးသားသရက္သီးကိုဇကာထဲထည့္ၿပီး တနာရီေလာက္ေလသလပ္ခံထားပါ။

၃။ပဲနံ႔သာေစ့ကိုခဲသဲ့ေရေဆးသန႔္စင္ၿပီးေနပူထဲ ေျခာက္ေသြ႕ၿပီးကြၽတ္ေအာင္လွန္းပါ။ဇီယာကို လည္းသန႔္စင္ၿပီးေနလွန္းပါ။

၄။ေနလွန္းၿပီးကြၽတ္ေနတဲ့ပဲနံ႔သာေစ့ကိုမညက္ တညက္အမႈန႔္ႀကိတ္ပါ။ ၅။ဇီယာကိုညက္ေအာင္အမႈန႔္ႀကိတ္ပါ။ ၆။ဆီပူေအာင္တည္ၿပီးဂ်င္းကိုအမွ်င္ျခစ္ထည့္ ၿပီးဆီသတ္ပါ။

၇။ဆီဆူပြက္လာရင္မီးေပၚကေအာက္ခ်ၿပီး ပဲနံ႔သာအမႈန႔္၊ဇီယာမႈန႔္နဲ႔င႐ုတ္မႈန႔္ထည့္ၿပီး ေမႊပါ

ဆီအဆူရပ္သည္အထိေမႊပါ။ဆီနည္း နည္းေအးလာၿပီဆိုမေမႊေတာ့ဘဲဆီေအး သည္အထိထားပါ။ ၈။ဆီတခါထဲေအးၿပီဆိုဆားထည့္ေမႊပါ။

၉။သရက္သီးကိုေျခာက္ေသြ႕တဲ့ဇလုံတခုထဲ ထည့္ၿပီးဆီထဲကအႏွစ္ေတြထည့္ကာႏွံ႔စပ္ ေအာင္လက္အေျခာက္နဲ႔ဆုပ္နယ္ပါ။

ၾကက္သြန္ျဖဴပါထည့္နယ္ပါ။ ၁၀။က်န္တဲ့ဆီပါထည့္ၿပီးႏွံ႔ေအာင္နယ္ပါ။ ၁၁။ေျခာက္ေသြ႕ေနတဲ့ပုလင္းထဲထည့္ၿပီးေလ လုံေအာင္ထားပါ။

တပတ္ေလာက္ေနရင္ထမင္းစားၿမိန္ေစမယ့္ သရက္သီးသနပ္ေလးကိုရပါၿပီေနာ္။ မွတ္ခ်က္။ ။သရက္သီးသနပ္ထည္ု႔ၿပီးတရက္ ေလာက္ေနရင္ပုလင္းကိုၾကည့္ ၾကည့္ပါ။

ဆီမျမဳပ္ေနဘူးဆို ေနာက္ထပ္ဆီကိုဆူေအာင္တည္ အေအးခံၿပီးတခါထဲေအးၿပီဆို သရက္သီးသနပ္အေပၚကေနဆီ ျမဳပ္ေအာင္ထည့္ပါ။ ဆီမျမဳပ္ရင္မႈိလိုက္တတ္ပါတယ္။ pageကိုဖတ္ရႈအားေပးသူအားလုံးကို ေက်းဇူးတင္ပါတယ္။ အဆင္ေျပၾကပါေစ။
crd

Unicode

သရက်သီးသနပ် ပါဝင်ပစ္စည်း ၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး) ၂။ဆီ-၄၀ကျပ်သား ၃။ဂျင်း-လက်တဆစ် ၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း )

ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။

၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း) ၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း) ၇။ဆား-၃(ထမင်းစားဇွန်း)

၈။ကြက်သွန်ဖြူ – ၅ကျပ်သား #ဇီဇဝါချက်နည်းပြုတ်နည်းမုန့်လုပ်နည်းများ ပြုလုပ်နည်း ၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက် အောင်အဝတ်နဲ့သုတ်ပါ။

ပြီးရင်ထက်ခြမ်းခြမ်း ပြီးတခြမ်းကို၈စိတ်စိတ်ပါ။ ၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး တနာရီလောက်လေသလပ်ခံထားပါ။

၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို လည်းသန့်စင်ပြီးနေလှန်းပါ။

၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက် တညက်အမှုန့်ကြိတ်ပါ။ ၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။ ၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့် ပြီးဆီသတ်ပါ။

၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက်ချပြီး ပဲနံ့သာအမှုန့်၊ဇီယာမှုန့်နဲ့ငရုတ်မှုန့်ထည့်ပြီး မွှေပါ

ဆီအဆူရပ်သည်အထိမွှေပါ။ဆီနည်း နည်းအေးလာပြီဆိုမမွှေတော့ဘဲဆီအေး သည်အထိထားပါ။ ၈။ဆီတခါထဲအေးပြီဆိုဆားထည့်မွှေပါ။

၉။သရက်သီးကိုခြောက်သွေ့တဲ့ဇလုံတခုထဲ ထည့်ပြီးဆီထဲကအနှစ်တွေထည့်ကာနှံ့စပ် အောင်လက်အခြောက်နဲ့ဆုပ်နယ်ပါ။

ကြက်သွန်ဖြူပါထည့်နယ်ပါ။ ၁၀။ကျန်တဲ့ဆီပါထည့်ပြီးနှံ့အောင်နယ်ပါ။ ၁၁။ခြောက်သွေ့နေတဲ့ပုလင်းထဲထည့်ပြီးလေ လုံအောင်ထားပါ။

တပတ်လောက်နေရင်ထမင်းစားမြိန်စေမယ့် သရက်သီးသနပ်လေးကိုရပါပြီနော်။ မှတ်ချက်။ ။သရက်သီးသနပ်ထည်ု့ပြီးတရက် လောက်နေရင်ပုလင်းကိုကြည့် ကြည့်ပါ။

ဆီမမြုပ်နေဘူးဆို နောက်ထပ်ဆီကိုဆူအောင်တည် အအေးခံပြီးတခါထဲအေးပြီဆို သရက်သီးသနပ်အပေါ်ကနေဆီ မြုပ်အောင်ထည့်ပါ။ ဆီမမြုပ်ရင်မှိုလိုက်တတ်ပါတယ်။ pageကိုဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ။
crd

Leave a Reply

Your email address will not be published. Required fields are marked *