💢“မိမိ၏ ကား အာမခံ ထားရွိေသာ္လည္း ေလ်ာ္ေၾကး မရရွိႏိုင္သည့္ အခ်က္မ်ား” 💢

💢“မိမိ၏ ကား အာမခံ ထားရွိေသာ္လည္း ေလ်ာ္ေၾကး မရရွိႏိုင္သည့္ အခ်က္မ်ား” 💢

ကားတိုက္မႈျဖစ္တယ္။ ကားအာမခံထားလိုက္႐ုံေလးနဲ႔ အာမခံကုမၸဏီက ေလ်ာ္ေၾကးေပးမွာဘဲဆိုတဲ့ အျမင္ရွိရင္ေတာ့ အဲ့အေတြးကို ေဖ်ာက္လိုက္ေစခ်င္ပါတယ္..

ထိုးတိုင္းေလ်ာ္တဲ့ေ႐ႊဘိုဒိုင္ (သို႔) ေလာင္းကစားဒိုင္ မဟုတ္တဲ့ အာမခံကုမၸဏီမ်ားဟာ ထိုးတာနဲ႔ ေပါက္
ေပါက္တာနဲ႔ေလ်ာ္ ဆိုပီး မလုပ္ၾကပါဘူး။

ကားတိုက္လို႔ ေလ်ာ္ေၾကးေပၚေပါက္ပီ ဆိုတာနဲ႔ အာမခံထားစဥ္က မားကတ္တင္းဌာနက ေလ်ာ္ပါမယ္ ေလ်ာ္ပါမယ္ ဆိုပီး မည္သို႔ဘဲေျပာခဲ့ေျပာခဲ့ Claim Department ဆိုသည့္ ဌာနတစ္ခုသည္ သက္ဝင္လႈပ္ရွားလည္မည္ျဖစ္ေပသည္။

Claim Department မွ အဆိုပါ ကားအား အာမခံကုမၸဏီမွ စည္းမ်ဥ္းစည္းကမ္းႏွင့္ အညီဘယ္အခ်က္ေၾကာင့္ေလ်ာ္ေၾကးမေပးႏိုင္သည့္ အေၾကာင္းအရာရွိမရွိကို ရွာေဖြပီး ေလ်ာ္ေၾကးျငင္းဆန္ျခင္းကို ေဆာင္႐ြက္မွာျဖစ္ပါတယ္..

ေအာက္ပါအေျခအေနေတြဆိုရင္ ေလ်ာ္ေၾကးတစ္ခါမွ ယူမထားဘူးေလ၊ ကားေတြ အမ်ားႀကီးထားတဲ့ Customer ဆိုပီး၊ FB ဘဲတင္တင္၊ တရားဘဲျပန္စြဲစြဲ အာမခံကုမၸဏီက ဂ႐ုလဲစိုက္မွာ မဟုတ္သလို အဖက္လဲ လုပ္မွာမဟုတ္ပါဘူး..

(၁) ကားေမာင္းတဲ့လိုင္စင္သက္တမ္းကုန္ေနျခင္း (သို႔) ယာဥ္ေမာင္းလိုင္စင္မပါရွိျခင္း၊

(၂) ကားလိုင္စင္ (သို႔) ဝွီးတက္ (သို႔) ဒစ္စဝိုင္း သက္တမ္းကုန္ေနျခင္း၊

(၃) မီးနီျဖတ္ေမာင္းျခင္း၊

(၄) တစ္လမ္းေမာင္းကို လမ္းေျပာင္းျပန္ေမာင္းျခင္း၊

(၅) အရက္မူးပီး (သို႔) လမ္းမေလ်ာက္ႏိုင္ေလာက္ေအာင္ မူးျခင္း (သို႔) မူးပီးကားေမာင္းသည္ကို သိသာေစေသာ အျပဳအမူမ်ားျပဳမူေနျခင္း၊

(၆) မ်ဥ္းေသအမွတ္သားကို ျဖတ္ေက်ာ္ေမာင္းႏွင္ျခင္း၊

(၇) (A) ကုမၸဏီတြင္ ယာဥ္တိုက္မႈ (၂) ခါျဖစ္ပီး တစ္ျခား (B) ကုမၸဏီသိုေျပာင္းလဲရာတြင္.. (A) ကုမၸဏီတြင္ အာမခံထားရွိဘူးေၾကာင္း ေလ်ာ္ေၾကး (၂) ခါရယူဘူးေၾကာင္း (B) ကုမၸဏီ ထံသို႔ အာမခံထားရွိရာတြင္ မေျပာမိျခင္း၊ ထိန္ခ်န္ျခင္း၊ မ႐ိုးသားျခင္း

(၈) ၿမိဳ႕တြင္း သတ္မွတ္ kilo ထက္ ေက်ာ္ေမာင္း၍ Accident ျဖစ္ျခင္း..

အထက္ပါ အဓိကအေၾကာင္း အရာေတြကို အေၾကာင္းရွာ မရရင္ေတာ့ ေလ်ာ္ေၾကးရရွိမွာျဖစ္ပါတယ္..

အာမခံထားလ်င္ ၾကားခံ ေအးဂ်င့္ကို အသုံးျပဳပါ..

မိမိဘာသာ ကုမၸဏီတြင္ တိုင္႐ိုက္ အာမခံထားသည္ထက္ ၾကားခံေအးဂ်င့္တစ္ေယာက္မွ တစ္ဆင့္ အာမခံထားရွိျခင္းသည္ မည္သည့္အပိုေၾကးမွ ေပးေဆာင္ရျခင္းမရွိတဲ့ အတြက္ ကြၽမ္းက်င္ေသာၾကားခံေအးဂ်င့္တစ္ေယာက္အား အသုံးျပပါ။

ေအးဂ်င့္ျဖင့္ အာမခံထားရွိျခင္းျဖင့္ Accident ျဖစ္စဥ္မ်ားတြင္ မိမိဘက္မွ လိုက္ပါကူညီေဆာင္႐ြက္ေပးမည္သူတစ္ဦး ရရွိျခင္း ျဖစ္သည္။

ေလ်ာ္ေၾကးေသခ်ာေပါက္ရရန္ ႏွင့္ အာမခံကုမၸဏီႏွင့္ အျငင္းပြါးရာတြင္ အေပၚစီးမွ ေနႏိုင္ရန္ ယာဥ္တိုက္မႈျဖစ္လ်င္ ျဖစ္စဥ္ကို ေသခ်ာစြာ ဓါတ္ပုံေသခ်ာ႐ိုက္ပါ..

ခ်စ္ျခင္းမ်ားစြာျဖင့္ –
အရည္ႀကိဳ
crd

Unicode

💢“မိမိ၏ ကား အာမခံ ထားရှိသော်လည်း လျော်ကြေး မရရှိနိုင်သည့် အချက်များ” 💢

ကားတိုက်မှုဖြစ်တယ်။ ကားအာမခံထားလိုက်ရုံလေးနဲ့ အာမခံကုမ္ပဏီက လျော်ကြေးပေးမှာဘဲဆိုတဲ့ အမြင်ရှိရင်တော့ အဲ့အတွေးကို ဖျောက်လိုက်စေချင်ပါတယ်..

ထိုးတိုင်းလျော်တဲ့ရွှေဘိုဒိုင် (သို့) လောင်းကစားဒိုင် မဟုတ်တဲ့ အာမခံကုမ္ပဏီများဟာ ထိုးတာနဲ့ ပေါက်
ပေါက်တာနဲ့လျော် ဆိုပီး မလုပ်ကြပါဘူး။

ကားတိုက်လို့ လျော်ကြေးပေါ်ပေါက်ပီ ဆိုတာနဲ့ အာမခံထားစဉ်က မားကတ်တင်းဌာနက လျော်ပါမယ် လျော်ပါမယ် ဆိုပီး မည်သို့ဘဲပြောခဲ့ပြောခဲ့ Claim Department ဆိုသည့် ဌာနတစ်ခုသည် သက်ဝင်လှုပ်ရှားလည်မည်ဖြစ်ပေသည်။

Claim Department မှ အဆိုပါ ကားအား အာမခံကုမ္ပဏီမှ စည်းမျဉ်းစည်းကမ်းနှင့် အညီဘယ်အချက်ကြောင့်လျော်ကြေးမပေးနိုင်သည့် အကြောင်းအရာရှိမရှိကို ရှာဖွေပီး လျော်ကြေးငြင်းဆန်ခြင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်..

အောက်ပါအခြေအနေတွေဆိုရင် လျော်ကြေးတစ်ခါမှ ယူမထားဘူးလေ၊ ကားတွေ အများကြီးထားတဲ့ Customer ဆိုပီး၊ FB ဘဲတင်တင်၊ တရားဘဲပြန်စွဲစွဲ အာမခံကုမ္ပဏီက ဂရုလဲစိုက်မှာ မဟုတ်သလို အဖက်လဲ လုပ်မှာမဟုတ်ပါဘူး..

(၁) ကားမောင်းတဲ့လိုင်စင်သက်တမ်းကုန်နေခြင်း (သို့) ယာဉ်မောင်းလိုင်စင်မပါရှိခြင်း၊

(၂) ကားလိုင်စင် (သို့) ဝှီးတက် (သို့) ဒစ်စဝိုင်း သက်တမ်းကုန်နေခြင်း၊

(၃) မီးနီဖြတ်မောင်းခြင်း၊

(၄) တစ်လမ်းမောင်းကို လမ်းပြောင်းပြန်မောင်းခြင်း၊

(၅) အရက်မူးပီး (သို့) လမ်းမလျောက်နိုင်လောက်အောင် မူးခြင်း (သို့) မူးပီးကားမောင်းသည်ကို သိသာစေသော အပြုအမူများပြုမူနေခြင်း၊

(၆) မျဉ်းသေအမှတ်သားကို ဖြတ်ကျော်မောင်းနှင်ခြင်း၊

(၇) (A) ကုမ္ပဏီတွင် ယာဉ်တိုက်မှု (၂) ခါဖြစ်ပီး တစ်ခြား (B) ကုမ္ပဏီသိုပြောင်းလဲရာတွင်.. (A) ကုမ္ပဏီတွင် အာမခံထားရှိဘူးကြောင်း လျော်ကြေး (၂) ခါရယူဘူးကြောင်း (B) ကုမ္ပဏီ ထံသို့ အာမခံထားရှိရာတွင် မပြောမိခြင်း၊ ထိန်ချန်ခြင်း၊ မရိုးသားခြင်း

(၈) မြို့တွင်း သတ်မှတ် kilo ထက် ကျော်မောင်း၍ Accident ဖြစ်ခြင်း..

အထက်ပါ အဓိကအကြောင်း အရာတွေကို အကြောင်းရှာ မရရင်တော့ လျော်ကြေးရရှိမှာဖြစ်ပါတယ်..

အာမခံထားလျင် ကြားခံ အေးဂျင့်ကို အသုံးပြုပါ..

မိမိဘာသာ ကုမ္ပဏီတွင် တိုင်ရိုက် အာမခံထားသည်ထက် ကြားခံအေးဂျင့်တစ်ယောက်မှ တစ်ဆင့် အာမခံထားရှိခြင်းသည် မည်သည့်အပိုကြေးမှ ပေးဆောင်ရခြင်းမရှိတဲ့ အတွက် ကျွမ်းကျင်သောကြားခံအေးဂျင့်တစ်ယောက်အား အသုံးပြပါ။

အေးဂျင့်ဖြင့် အာမခံထားရှိခြင်းဖြင့် Accident ဖြစ်စဉ်များတွင် မိမိဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးမည်သူတစ်ဦး ရရှိခြင်း ဖြစ်သည်။

လျော်ကြေးသေချာပေါက်ရရန် နှင့် အာမခံကုမ္ပဏီနှင့် အငြင်းပွါးရာတွင် အပေါ်စီးမှ နေနိုင်ရန် ယာဉ်တိုက်မှုဖြစ်လျင် ဖြစ်စဉ်ကို သေချာစွာ ဓါတ်ပုံသေချာရိုက်ပါ..

ချစ်ခြင်းများစွာဖြင့် –
အရည်ကြို
crd

Leave a Reply

Your email address will not be published. Required fields are marked *