ပိန္နဲသီးမှည့် မမှည့် ၊ ခူးဖို့သင့်မသင့် အလွယ်သိနိုင်တဲ့နည်းလေး✔️(ပိန္နဲသီးမှည့်ဖို့က သပ် မရိုက် လည်း ရပါတယ်)





အသီးက ရင့်ပါပြီ။





Unicode

ပိန္နဲသီးမှည့်ရင်အလွယ်သိနိုင်တဲ့နည်းလေး✔️

ပိန္နဲသီးမှည့်ဖို့က သပ် မရိုက် လည်း ရပါတယ်။

အသီးမှည့်ဖို့က အသီး အညှာ ပတ်လည် ကိုဆား တဇွန်း လောက် ပတ်ပုံ ပေးလည်းရတယ်။

အသီး ရင့် မှန် မမှန်သိချင်ရင် ခူးဖို့ သင့် မသင့် ဆုံးဖြတ်နိုင်ဖို့ အသီး ညှာ ကပ်လျှက်မှာ အသီး ကို ကိုယ်စားပြုတဲ့ အရွက်ကြီး တရွက်ရှိပါတယ်။

သူ ရင့်မှည့် လို့ ကြွေနေရင် ဒါမဟုတ် သူ့ အရွက်က ဝါ ပြီး ကြွေကျဖို့ သေချာ နေပြီဆို
အသီးက ရင့်ပါပြီ။

ခူးပြီး ၃/၄ ရက် ဆို ဆား မထည့်ပေးလည်း အသီးကမွှေးပြီး မှည့်ပါတယ်။

ဝိုင်းပြထားတဲ့ အရွက်က အသီးကြီးရဲ့ ရင့်မှန်မှုကို ပြပေးမည့် အရွက်ပါ။

သူ မကြွေသေးရင် ခူးဖို့ မသင့်။

သူက ကြွေပြီဆို ခူးလို့ရပြီး ၃/၄ ရက် အတွင်း သဘာဝ အတိုင်း မှည့်ပါတယ်။
Crd ; စိုက်ပျိုးရေးအထွေထွေ

Leave a Reply

Your email address will not be published. Required fields are marked *