တစ္လုံးဆို ဆိုသေလာက္ အနံ႔အရသာေကာင္းတာေၾကာင့္ စိန္တစ္လံုးဆိုျပီး နာမည္ၾကီးတဲ႔ ျမန္မာ႔မ်ိုးရင္းအမွန္ စိန္တစ္လံဳး သရက္သီးရဲ႔ ရာဇ၀င္

စိန္တလုံးရာဇ၀င္
စိန္တစ္လုံး သရက္သီး ဟာ ျမန္မာျပည္ဖြား သရက္သီးမ်ိဳးျဖစ္ပါတယ္။

ဇာတိက မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ဟံျမင့္မိုရ္ ႐ြာကျဖစ္ပါတယ္ ဟိုးယခင္ေရွးေရွးကတည္းကရွိခဲ့တဲ့ ျမန္မာ့ မ်ိဳးရင္း သရက္တစ္မ်ိဳးပါ။

ဒီေန႔အထိ ဟံျမင့္မိုရ္ ႐ြာမွာ စိန္တလုံး မ်ိဳးရင္းအပင္ႀကီးေတြ ရွိေနပါတယ္။ ယခုဆို ပင္စည္ႀကီးေတြက လူႏွစ္ဖက္စာ ေလာက္ေတာင္ရွိေနပါၿပီ။ စိန္တလုံး သရက္ဟာ ထူးျခားတဲ့အနံ႔အရသာေၾကာင့္ လူသိမ်ားလာၿပီး ၁၉၈၃-၈၄ ခုႏွစ္မွာ စၿပီးနာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။

စိန္တလုံးဆိုတဲ့နာမည္ စၿပီးလူသိမ်ားလာတာက ဟံျမင့္မိုရ္႐ြာ ဦးစိန္ရဲ႕ ၿခံကသရက္သီးျဖစ္ၿပီး တစ္လုံးဆို ဆိုသေလာက္ အနံ႔အရသာေကာင္းတာေၾကာင့္ စိန္တလုံးဆိုၿပီး နာမည္ႀကီးခဲ့တာလို႔ ႐ြာသားေတြက ေျပာစမွတ္ျပဳၾကပါ တယ္။

စိန္တလုံးသရက္သီးဟာ ရင့္မွည့္လာရင္ ေတာက္ေျပာင္ၿပီး လွပတဲ့လိေမၼာ္ဝါေရာင္ကို ေျပာင္းလဲသြားၿပီး ေမႊးပ်ံံ့တဲ့အနံ႔ထြက္ရွိလာပါတယ္။စိန္တလုံးသရက္သီးရဲ႕ အေရာင္ နဲ႔ အနံ႔ရဲ႕ ဆြဲေဆာင္မႈေတြဟာ စားခ်င္စိတ္ကို မ်ိဳသိပ္မရႏိုင္တဲ့အထိလို႔ေတာင္ဆိုရမယ္။

စိန္တလုံးသရက္သီးရဲ႕ အတြင္းသရက္သားဟာ အမွ်င္နည္းၿပီး အေရာင္ဝါဝင္းႏူးညံ့ ပါတယ္
စားလိုက္တာနဲ႔ အရသာက လွ်ာထဲ အထိ စိမ့္ဝင္သြားတာမို႔ စြဲမက္သြားေစပါတယ္ ။

စၿပီး စားမိတာနဲ႔ ဆုံးမရေတာ့ေအာင္ တစ္လုံးၿပီးတစ္လုံး တရစပ္ကို စားခ်င္ေနေတာ့တာပါပဲ
ေနာက္ထူးျခားခ်က္တစ္ခုက အသီးမွည့္လာရင္ အသီးသား ေပ်ာ့မသြားဘဲ အထားအသိုခံတာေၾကာင့္ ထုပ္ပိုးမႈ၊ သယ္ယူမႈျပဳ ရာမွာ အပ်က္အစီးနည္းပါးပါတယ္။

Export အတြက္ အထူးသင့္ေတာ္တဲ့သရက္မ်ိဳးပါ Export လုပ္ရာမွာလည္း စိန္တလုံးရဲ႕ အေရာင္အဆင္း၊ အနံ႔၊အရသာေၾကာင့္ ေအာင္ျမင္မႈတခုရရွိထားၿပီး တ႐ုတ္၊ထိုင္း၊မေလးရွား၊ ေဟာင္ေကာင္၊စကၤာပူ နဲ႔အခ်ိဳ႕ေသာႏိုင္ငံေတြကို တင္ပို႔ေနၾကပါတယ္။

ျမန္မာႏိုင္ငံ ရဲ႕ ထြက္ကုန္ (Country of Origin-CO) ျဖစ္ေၾကာင္း မွတ္ပုံတင္ၿပီးတဲ့ အျပင္ Myanmar Trade Mark လည္း ရရွိထားၿပီးသားျဖစ္ပါတယ္။ကမာၻအေကာင္းဆုံး သရက္သီးေတြထဲကတစ္ခုအပါအဝင္လို႔ဆိုရမဲ့ သရက္မ်ိဳးပါ ။

�ယခုအခါမွာေတာ့ စိန္တလုံးသရက္ကို မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔အထိ ပ်ံ႕ႏွံ႔စိုက္ပ်ိဳးျဖစ္ထြန္းေနၾကပါၿပီ။
စိန္တလုံး သရက္ကို ေနရာတိုင္းမွာေတာ့စိုက္လို႔မရပါဘူး။ စိန္တလုံး ႏွစ္သက္တဲ့ ေရေျမရာသီဥတုရွိမွသာ စိုက္ပ်ိဳးလို႔ရပါၿပီး အသီးျဖစ္ထြန္းပါတယ္။

စိန္တလုံး သဘာဝက အပူပိုင္းေဒသကို ႏွစ္သက္ေပမယ့္ သရက္ပြင့္ခ်ိန္မွာ ေအးျမမွသာလ်င္ အသီးတင္ပါတယ္။ ဒါေၾကာင့္လည္း ရွမ္းျပည္ နယ္ ေတာင္ပိုင္းမွာ စိုက္ပ်ိဳးႏိုင္တာျဖစ္ပါတယ္။

လက္ရွိအေနထား မႏၲေလးတိုင္းေဒသႀကီးနဲ႔ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ထြက္ရွိမႈက အမ်ားဆုံးျဖစ္ၿပီး ပဲခူးတိုင္းအေရွ႕ျခမ္းမွာလဲအေတာ္ေလးကိုျဖစ္ထြန္းေနၿပီျဖစ္ပါတယ္။
(Source : internet )
Credit

Unicode

စိန်တလုံးရာဇ၀င်
စိန်တစ်လုံး သရက်သီး ဟာ မြန်မာပြည်ဖွား သရက်သီးမျိုးဖြစ်ပါတယ်။

ဇာတိက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဟံမြင့်မိုရ် ရွာကဖြစ်ပါတယ် ဟိုးယခင်ရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာ့ မျိုးရင်း သရက်တစ်မျိုးပါ။

ဒီနေ့အထိ ဟံမြင့်မိုရ် ရွာမှာ စိန်တလုံး မျိုးရင်းအပင်ကြီးတွေ ရှိနေပါတယ်။ ယခုဆို ပင်စည်ကြီးတွေက လူနှစ်ဖက်စာ လောက်တောင်ရှိနေပါပြီ။ စိန်တလုံး သရက်ဟာ ထူးခြားတဲ့အနံ့အရသာကြောင့် လူသိများလာပြီး ၁၉၈၃-၈၄ ခုနှစ်မှာ စပြီးနာမည်ကျော်ကြားလာခဲ့ပါတယ်။

စိန်တလုံးဆိုတဲ့နာမည် စပြီးလူသိများလာတာက ဟံမြင့်မိုရ်ရွာ ဦးစိန်ရဲ့ ခြံကသရက်သီးဖြစ်ပြီး တစ်လုံးဆို ဆိုသလောက် အနံ့အရသာကောင်းတာကြောင့် စိန်တလုံးဆိုပြီး နာမည်ကြီးခဲ့တာလို့ ရွာသားတွေက ပြောစမှတ်ပြုကြပါ တယ်။

စိန်တလုံးသရက်သီးဟာ ရင့်မှည့်လာရင် တောက်ပြောင်ပြီး လှပတဲ့လိမ္မော်ဝါရောင်ကို ပြောင်းလဲသွားပြီး မွှေးပျံံ့တဲ့အနံ့ထွက်ရှိလာပါတယ်။စိန်တလုံးသရက်သီးရဲ့ အရောင် နဲ့ အနံ့ရဲ့ ဆွဲဆောင်မှုတွေဟာ စားချင်စိတ်ကို မျိုသိပ်မရနိုင်တဲ့အထိလို့တောင်ဆိုရမယ်။

စိန်တလုံးသရက်သီးရဲ့ အတွင်းသရက်သားဟာ အမျှင်နည်းပြီး အရောင်ဝါဝင်းနူးညံ့ ပါတယ်
စားလိုက်တာနဲ့ အရသာက လျှာထဲ အထိ စိမ့်ဝင်သွားတာမို့ စွဲမက်သွားစေပါတယ် ။

စပြီး စားမိတာနဲ့ ဆုံးမရတော့အောင် တစ်လုံးပြီးတစ်လုံး တရစပ်ကို စားချင်နေတော့တာပါပဲ
နောက်ထူးခြားချက်တစ်ခုက အသီးမှည့်လာရင် အသီးသား ပျော့မသွားဘဲ အထားအသိုခံတာကြောင့် ထုပ်ပိုးမှု၊ သယ်ယူမှုပြု ရာမှာ အပျက်အစီးနည်းပါးပါတယ်။

Export အတွက် အထူးသင့်တော်တဲ့သရက်မျိုးပါ Export လုပ်ရာမှာလည်း စိန်တလုံးရဲ့ အရောင်အဆင်း၊ အနံ့၊အရသာကြောင့် အောင်မြင်မှုတခုရရှိထားပြီး တရုတ်၊ထိုင်း၊မလေးရှား၊ ဟောင်ကောင်၊စင်္ကာပူ နဲ့အချို့သောနိုင်ငံတွေကို တင်ပို့နေကြပါတယ်။

မြန်မာနိုင်ငံ ရဲ့ ထွက်ကုန် (Country of Origin-CO) ဖြစ်ကြောင်း မှတ်ပုံတင်ပြီးတဲ့ အပြင် Myanmar Trade Mark လည်း ရရှိထားပြီးသားဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံး သရက်သီးတွေထဲကတစ်ခုအပါအဝင်လို့ဆိုရမဲ့ သရက်မျိုးပါ ။

�ယခုအခါမှာတော့ စိန်တလုံးသရက်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့အထိ ပျံ့နှံ့စိုက်ပျိုးဖြစ်ထွန်းနေကြပါပြီ။
စိန်တလုံး သရက်ကို နေရာတိုင်းမှာတော့စိုက်လို့မရပါဘူး။ စိန်တလုံး နှစ်သက်တဲ့ ရေမြေရာသီဥတုရှိမှသာ စိုက်ပျိုးလို့ရပါပြီး အသီးဖြစ်ထွန်းပါတယ်။

စိန်တလုံး သဘာဝက အပူပိုင်းဒေသကို နှစ်သက်ပေမယ့် သရက်ပွင့်ချိန်မှာ အေးမြမှသာလျင် အသီးတင်ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည် နယ် တောင်ပိုင်းမှာ စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။

လက်ရှိအနေထား မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိမှုက အများဆုံးဖြစ်ပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲအတော်လေးကိုဖြစ်ထွန်းနေပြီဖြစ်ပါတယ်။
(Source : internet )
Credit

Leave a Reply

Your email address will not be published. Required fields are marked *