သီေပါမင္းေခတ္က ငေမာက္နဲ႔ နန္းစဥ္ရတနာေတြ ဘယ္ေရာက္သြားသလဲ

Where did the crest and royal jewels of the Thibaut dynasty go?

There are many people who are interested in where the rubies of Burma go.
Burmese records, including those of the Great King of Konepauset, only mention that Colonel Sledin was given royal jewels, and no one can say where the jewels went.

The main mineral gems in Burma are rubies, It is sapphire and jade, and the sea of Kapali produces pearls. But the most treasured jewels of Burmese kings are rubies, diamonds from abroad, emeralds and rubies; Sapphires are often worn in jewelry set with gold.

Therefore, the stones listed as royal jewels contain the most rubies, and among them, the crown is the most prominent.

When did you find this precious ruby? There are also variations as to when he was in the Burmese court. There are some who say they are from Chindun and write that they are from Mokot. Although the chronicles say that it was found during the reign of the King of Nyaungran, there are also old texts that say that it was found during the reign of Boe Tao Pagoda.

Go back, dragon captain Big boat A boy who rowed a car, The elephant The standard stone and other stones are also included in the list of Burmese kings’ jewels.

However, it is difficult to trace these big stones because they have not been accurately drawn and recorded.
The main Burmese records only mention that Sledin Lak was given the royal jewels along with the cape.

In the records written by the fourth daughter of Thipaw and her family, it is said that Sladin asked for the stone from the king and took it when he was on the Suria ship from Mandalay.
On the morning of his death, Prince U Maung Maung Tin’s Khon Pauset history says that because Sledin requested to preserve the royal jewels so that they would not be lost, U Hlabu, Duke of Pak Myain’s Shwe Taiwan, had to hand them over to Sledin along with the list.

When the Indian office in London asked the Burmese nobles about the matter of the royal rubies not being included in the list of valuables from the Mandalay palace sent by the Governor General of India, Shwe Taiwan made the same statement. He also drew a picture of a stone ring on a gold ring. He also said that King Tytar and Nicholas the Clerk of Cornelius were witnesses.

Sladin said that he saw the secretary of the treasury that morning, but he did not remember that he had received the inventory scroll. At that time, the king’s belongings were scattered in the conference hall, and he ordered the British troops to watch. The night before that, Min Tong Min, the former Mi Pao, who had left the palace, At the end of the letter, he writes that some of these items may be in the hands of actresses and 300 virgins, etc.

In Sladeen’s draft kept at the British Library in London, he had already written that the king asked me to accept … jewels … and agreed … he asked me to … carry them, and then deleted them.

Finally, without further investigation, these stones seemed to be in the hands of Thipao Min.
Maung Than Swe (Da Wei) also wrote that Nicholas’s grandson, the head nurse, told him in 1960 that his grandfather saw Sladin hand over his helmet.

However, since arriving in India in Madras (Chennai), Thipao Min and his family, The virgins The writers and their properties have been recorded by the British side. Among those lists, the crest and other missing royal rubies are not found.

Did the former king of Burma keep it secretly without adding it to the list? If this was kept a secret, why did Thipaw Min request these rubies back from the British?

Some British court historians believe that the cape was given to Queen Victoria’s daughter, Princess Louise.

It is not known how the stone came to the princess’s hands, but it is believed that some of the items seized from Burma may have been sent directly to the Queen by the Governor General of India.

That is why we continue to look for this stone in the recently released will and property list of the actress.

Professor Michael Nash of the University of East Anglia was told by the British Queen’s Treasury that the ambassadors of the King of Burma gave the princess the rubies given to Queen Victoria to make a necklace.

It is possible that the Burmese voice group that came from the past will continue.
Thibaum’s side also demanded the return of his personal belongings that Sladeen had to hand over after he was sent to India.

On the same day, the list compiled by the Secretary of the Treasury was signed by Fan Shaw, the former King’s political officer, and sent to the Governor General of India. In that letter, there is a ruby ring called a dragon.

Later in 1911, Queen Victoria’s grandson, King George V, who came to Delhi to be anointed, inquired about these stones and his possessions.

His daughter, Mawlam Myin Supao, is also the fourth daughter

သီေပါမင္းေခတ္က ငေမာက္နဲ႔ နန္းစဥ္ရတနာေတြ ဘယ္ေရာက္သြားသလဲ

ျမန္မာျပည္က ငေမာက္ ပတၱျမား ဘယ္ေရာက္သြားသလဲ စိတ္ဝင္စားသူ မ်ားပါတယ္။
ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီး အပါအဝင္ ျမန္မာမွတ္တမ္းေတြမွာေတာ့ ကာနယ္စေလဒင္ကို နန္းစဥ္ရတနာေတြ အပ္လိုက္ရတယ္လို႔ပဲ ေဖာ္ျပၾကၿပီး အဲဒီရတနာေတြ ဘယ္ေရာက္သြားတယ္ ဆိုတာ ဘယ္သူမွ မေျပာႏိုင္ပါဘူး။

ျမန္မာျပည္မွာ အဓိက တြင္းထြက္ ေက်ာက္မ်က္က ပတၱျမား၊ နီလာနဲ႔ ေက်ာက္စိမ္းျဖစ္ၿပီး ကပၸလီပင္လယ္ကလည္း ပုလဲထြက္ပါတယ္။ ဒါေပမဲ့ ျမန္မာဘုရင္ေတြ အျမတ္တႏိုးအထားဆုံး ရတနာကေတာ့ ပတၱျမား ျဖစ္ၿပီး ျပည္ပက လာတဲ့ စိန္၊ ျမနဲ႔ ပတၱျမား၊ နီလာေတြကို ေ႐ႊနဲ႔စီမံထားတဲ့ လက္ဝတ္ရတနာေတြ ဝတ္ဆင္ၾကေလ့ရွိပါတယ္။

ဒါေၾကာင့္ နန္းစဥ္ရတနာ အျဖစ္ စာရင္းျပတဲ့ ေက်ာက္ေတြမွာ ပတၱျမားေတြ အမ်ားဆုံး ပါဝင္ၿပီး ဒီထဲက ငေမာက္က အထင္ရွားဆုံး ျဖစ္ပါတယ္။

ဒီျပည္တန္ပတၱျမားႀကီးကို ဘယ္တုန္းကစ ေတြ႕တယ္၊ ဘယ္အခ်ိန္ကၿပီး ျမန္မာနန္းတြင္းမွာ ရွိေနတယ္ဆိုတာကလည္း မူကြဲေတြ ရွိပါတယ္။ တခ်ိဳ႕က ခ်င္းတြင္းဘက္ကရတယ္ ေျပာၿပီး မိုးကုတ္ကလို႔ ေရးသူေတြ လည္း ရွိပါတယ္။ ေညာင္ရမ္းေခတ္ ျပည္မင္းလက္ထက္မွာ ေတြ႕တယ္လို႔ ရာဇဝင္ေတြက ေရးေပမယ့္ ဘိုးေတာ္ဘုရားလက္ထက္က ရတယ္လို႔ ေရးတဲ့ ေရွးစာေဟာင္းေတြလည္း ရွိပါတယ္။

ကုလားျပန္၊ နဂါးဗိုလ္၊ ေလွာ္ကားတင္ႀကီး၊ ေလွာ္ကားတင္ကေလး၊ ဆင္မေတာ္၊ စံေက်ာက္ေတာ္ စတဲ့ ေက်ာက္ႀကီးေက်ာက္ေကာင္းေတြလည္း ျမန္မာဘုရင္ေတြရဲ႕ ရတနာစာရင္းမွာ ပါပါတယ္။
ဒါေပမဲ့ ဒီေက်ာက္ႀကီးေတြပုံကို ေသခ်ာ ေရးဆြဲ႐ိုက္ကူး မွတ္တမ္းတင္ထားတာ မရွိတဲ့အတြက္ ေျခရာခံရ ခက္ခဲေနပါတယ္။

အဓိက ျမန္မာမွတ္တမ္းေတြမွာ ေဖာ္ျပတာက စေလဒင္လက္ကို ငေမာက္နဲ႔ တကြ နန္းစဥ္ရတနာေတြ အပ္လိုက္ရတယ္လို႔ပဲ ပါရွိပါတယ္။

သီေပါမင္းရဲ႕ စတုတၳသမီးေတာ္နဲ႔ သူ႔မိသားစုဘက္က ေရးတဲ့ မွတ္တမ္းေတြမွာေတာ့ မႏၲေလးကေန သူရိယ သေဘၤာနဲ႔ ပါေတာ္မူခ်ိန္မွာ စေလဒင္က ဘုရင္ဆီက ေက်ာက္ကို ေတာင္းၾကည့္ၿပီး ထည့္ယူ သြားတယ္လို႔ပဲ ဆိုပါတယ္။

ပါေတာ္မူတဲ့ေန႔ မနက္မွာ နန္းစဥ္ရတနာေတြ မေပ်ာက္ပ်က္ရေအာင္ ထိန္းသိမ္းထားလိုေၾကာင္း စေလဒင္က ေလွ်ာက္တင္ တဲ့အတြက္ ေပါက္ၿမိဳင္ၿမိဳ႕စား ေ႐ႊတိုက္ဝန္ ဦးလွဘူးက စေလဒင္ကို စာရင္းနဲ႔တကြ အပ္ရတယ္လို႔ မင္းသား ဦးေမာင္ေမာင္တင္ရဲ႕ ကုန္းေဘာင္ဆက္ ရာဇဝင္မွာ ပါရွိပါတယ္။

ေနာက္ အိႏၵိယဘုရင္ခံခ်ဳပ္ပို႔တဲ့ မႏၲေလးနန္းတြင္းကရတဲ့ အဖိုးတန္ပစၥည္းစာရင္းမွာ နန္းစဥ္ပတၱျမားေတြ ပါမလာတဲ့ ကိစၥကို လန္ဒန္က အိႏၵိယ႐ုံးက ျမန္မာမႉးမတ္ေတြကို ေမးျမန္းရာမွာလည္း ေ႐ႊတိုက္ဝန္က ထပ္တူ ထြက္ဆိုပါတယ္။ ေ႐ႊလက္စြပ္မွာ ကြင္းထားတဲ့ ငေမာက္ေက်ာက္ပုံကိုလည္း သူက ဆြဲျပပါတယ္။ တိုင္တားမင္းႀကီးနဲ႔ ကာနယ္စေလဒင္ရဲ႕ စာေရးႀကီး နီကိုလပ္စ္တို႔ သက္ေသ ရွိေၾကာင္းလည္း ဆိုပါတယ္။

စေလဒင္ကေတာ့ ေ႐ႊတိုက္အတြင္းဝန္ကို အဲဒီမနက္က ျမင္လိုက္ေပမယ့္ ပစၥည္းစာရင္းပုရပိုက္ကို ရတယ္လို႔ မမွတ္မိေၾကာင္း၊ အဲဒီအခ်ိန္က ညီလာခံခန္းမႀကီးထဲမွာ နန္းစဥ္ပစၥည္းေတြ စုပုံျပန္႔က်ဲေနၿပီး ၿဗိတိသွ်တပ္ေတြကို ေစာင့္ၾကည့္ဖို႔ သူအမိန္႔ေပးရေၾကာင္း၊ အဲဒီမတိုင္ခင္ညက နန္းတြင္းက ထြက္သြားတဲ့ မင္းတုန္းမင္း မိဘုရားေဟာင္းေတြ၊ မင္းသမီးေတြနဲ႔ ၃ဝဝ ေလာက္ရွိတဲ့ အပ်ိဳေတာ္ေတြလက္ထဲ ဒီပစၥည္းတခ်ိဳ႕ ပါသြားတာ ျဖစ္ႏိုင္ေၾကာင္း စသျဖင့္ လန္ဒန္က ေရးသားထြက္ဆိုၿပီး သူ႔ကိုယုံၾကည္ပါ လို႔လည္း စာအဆုံးသတ္မွာ ေရးပါတယ္။

လန္ဒန္ ၿဗိတိသွ် စာၾကည့္တိုက္မွာ သိမ္းထားတဲ့ စေလဒင္ရဲ႕ စာမူၾကမ္းမွာေတာ့ ဘုရင္က က်ဳပ္ကို … ရတနာ ပစၥည္း … လက္ခံခိုင္းလို႔ သေဘာတူလိုက္တယ္ … က်ဳပ္ကို သူက … သယ္ခိုင္းတယ္ ဆိုတာမ်ိဳး ေရးထားၿပီးမွ ျပန္ဖ်က္ထားခဲ့တယ္လို႔ အဲလက္စ္ဘက္စ္ကိုဘီက ၿဗိတိန္မွာ လမ္းစေပ်ာက္ေနတဲ့ ငေမာက္ပတၱျမားႀကီး ေဆာင္းပါးမွာ ေရးပါတယ္။

ေနာက္ဆုံး ဆက္လက္စုံစမ္းမရဘဲ ဒီေက်ာက္ေတြ သီေပါမင္းလက္ ပါသြားပုံရတယ္ ဆိုတာေလာက္နဲ႔ ၿပီးသြားခဲ့ပါတယ္။

စေလဒင္လက္ ငေမာက္ အပ္လိုက္တာကို သူ႔အဘိုး ျမင္လိုက္ရေၾကာင္း နီကိုလပ္စ္ရဲ႕ ေျမးေတာ္သူ သူနာျပဳဆရာမႀကီးက ၁၉၆ဝ မွာ ေျပာျပတယ္လို႔ ေမာင္သန္းေဆြ (ထားဝယ္)ကလည္း ေရးခဲ့ပါတယ္။
ဒါေပမဲ့ အိႏၵိယေရာက္ခါစ မဒရပ္ (ခ်င္ႏိုင္း)မွာ ကတည္းက သီေပါမင္းနဲ႔ မိသားစု၊ အပ်ိဳေတာ္ေတြ၊ စာေရးေတာ္ေတြကအစ သူတို႔ပိုင္ဆိုင္မႈေတြကို ၿဗိတိသွ်ဘက္က စာရင္းျပဳ မွတ္တမ္းယူထားၿပီး ျဖစ္ပါတယ္။ အဲဒီစာရင္းေတြထဲမွာလည္း ငေမာက္နဲ႔ တျခားေပ်ာက္ေနတဲ့ နန္းစဥ္ ပတၱျမားေတြကို မေတြ႕ရပါဘူး။

စာရင္းထဲ ထည့္မျပဘဲ ျမန္မာဘုရင္ေဟာင္း ဘက္က လွ်ိဳ႕ဝွက္သိမ္းဆည္းထားခဲ့သလား၊ အကယ္လို႔ ဒီလိုလွ်ိဳ႕ဝွက္ထားခဲ့ရင္လည္း ဘာေၾကာင့္ ဒီပတၱျမားေတြကို သီေပါမင္းဘက္က ၿဗိတိသွ်ကို ျပန္လည္ ေတာင္းခံခဲ့သလဲဆိုတာ ကာယကံရွင္ေတြမွ သိႏိုင္ေတာ့မယ့္ ျဖစ္ရပ္ေတြပါ။

တခ်ိဳ႕ ၿဗိတိသွ် နန္းတြင္းသမိုင္းပညာရွင္ေတြကေတာ့ ငေမာက္ကို ဝိတိုရိယ ဘုရင္မရဲ႕ သမီးေတာ္ လူဝီစ္မင္းသမီးကို ေပးခဲ့တယ္လို႔ ယူဆပါတယ္။

မင္းသမီးလက္ကို ေက်ာက္က ဘယ္လိုေရာက္လာတယ္ ဆိုတာ မေျပာႏိုင္ေပမယ့္ ျမန္မာျပည္က သိမ္းမိတဲ့ ပစၥည္းတခ်ိဳ႕ကို ဘုရင္မဆီကို အိႏၵိယ ဘုရင္ခံခ်ဳပ္က တိုက္႐ိုက္ဆက္သတာ ျဖစ္ႏိုင္တယ္ လို႔လည္း ယူဆၾကပါတယ္။

ဒါေၾကာင့္ မၾကာခင္က ထုတ္ျပန္ခဲ့တဲ့ မင္းသမီးရဲ႕ ေသတမ္းစာနဲ႔ ပိုင္ဆိုင္မႈ စာရင္းေတြထဲ ဒီေက်ာက္ကို ဆက္ၿပီး ရွာေနၾကပါတယ္။

အေရွ႕အဂၤလီယာ တကၠသိုလ္က ပါေမာကၡ မိုက္ကယ္နက္ရွ္ကို ၿဗိတိသွ်ဘုရင္မ ေ႐ႊတိုက္ေတာ္က ျပန္ၾကားခ်က္အရ ျမန္မာဘုရင္ရဲ႕ သံအမတ္ႀကီးေတြက ဝိတိုရိယဘုရင္မကို ေပးတဲ့ ပတၱျမားကို လည္ဆြဲလုပ္ဖို႔ ဒီမင္းသမီးကို ေပးခဲ့တာလို႔ သိရပါတယ္။

ပါေတာ္မမူခင္က လာတဲ့ ျမန္မာသံအဖြဲ႕က ဆက္သတာ ျဖစ္ႏိုင္ပါတယ္။
သီေပါမင္းဘက္ကလည္း အိႏၵိယ အပို႔ခံရၿပီးေနာက္ စေလဒင္လက္ေပးခဲ့ရတဲ့ သူ႔ကိုယ္ပိုင္ပစၥည္းေတြကို ျပန္ေတာင္းပါတယ္။

ပါေတာ္မူေန႔က ေ႐ႊတိုက္အတြင္းဝန္ ျပဳစုတဲ့ စာရင္းမွာ ဘုရင္ေဟာင္းရဲ႕ ႏိုင္ငံေရးအရာရွိ ဖန္ေရွာလက္မွတ္ထိုးၿပီး အိႏၵိယဘုရင္ခံခ်ဳပ္ဆီ စာတင္တာပါ။ အဲဒီစာထဲမွာေတာ့ နဂါးေမာက္ေခၚ ပတၱျမား လက္စြပ္လို႔ ပါပါတယ္။

ေနာက္ ၁၉၁၁ မွာ ေဒလီကို ဘိသိက္ခံဖို႔ လာတဲ့ ဝိတိုရိယ ဘုရင္မရဲ႕ ေျမးေတာ္ ပၪၥမေဂ်ာ့ဘုရင္ကို ဒီေက်ာက္ေတြနဲ႔ သူ႔ပိုင္ဆိုင္မႈေတြအေၾကာင္း စုံစမ္းေတာင္းဆိုတာေတြ လုပ္ခဲ့ပါတယ္။

သူ႔သမီးေတာ္ ေမာ္လၿမိဳင္ စုဘုရားကလည္း စတုတၳသမီးေတာ္ အေရးေတာ္ပုံစာတမ္းမွာ ဒီေက်ာက္ေတြနဲ႔ တျခားပိုင္ဆိုင္မႈေတြ စာရင္းလုပ္ၿပီး ၁၉၃၁ က ေတာင္းဆိုပါတယ္။

၁၉၄၈ ကလည္း ျမန္မာျပည္ရဲ႕ ေလာ့ေမာင့္ဘက္တန္ကို သီေပါအႏြယ္ေတာ္ေတြက ေတာင္းဆိုခဲ့ပါေသးတယ္။

ေနာက္ ဘုရင့္ေျမးေတာ္တစုနဲ႔ တတိယသမီးေတာ္တို႔က ၁၉၅၃ မွာ ဒုတိယ အဲလဇၨဘက္ ဘုရင္မ နန္းတက္ပြဲအတြက္ ဘိသိက္ကူညီေစာင္မမႈ ေတာင္းခံတဲ့ အေနနဲ႔ သူတို႔ ဆုံးရႈံးမႈေတြကို စာရင္းျပဳ ေတာင္းဆိုပါတယ္။

ေနာက္ဆုံး ၁၉၈၅ မွာ လမ္းစဥ္ပါတီ ဥကၠ႒ ဦးေနဝင္းကတဆင့္ ၿဗိတိသွ်အစိုးရနဲ႔ အိႏၵိယ သံ႐ုံးတို႔ကို ျမန္မာဘုရင္နဲ႔ မိဘုရားေခါင္ႀကီးေတြရဲ႕ နန္းစဥ္ေ႐ႊကိုယ္ေလး အ႐ုပ္ေတြ ျပန္ရဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဘုရင္အစဥ္အဆက္ ကိုးကြယ္ခဲ့တဲ့ ကုန္းေဘာင္ေခတ္ ဘုရင္ေတြရဲ႕ ႐ုပ္တု ၁၁ ႐ုပ္ကို ကာလကတၱားမွာ ၁၈၈၆ က ျပသဖို႔ စီစဥ္ထားတယ္၊ အႏြယ္ေတာ္ေတြ ျပန္ေတာင္းရင္ ေပးမယ္ ဆိုၿပီး အိႏၵိယ ဘုရင္ခံခ်ဳပ္ မွတ္ခ်က္ပဲ ရွိတဲ့ ဒီအ႐ုပ္ေတြ လည္း ဘယ္ေရာက္ေနမွန္း မသိရေတာ့ပါဘူး။

၁၈၈၆ ကတည္းက စတဲ့ ဒီေတာင္းဆိုတဲ့ အႀကိမ္အားလုံးမွာ တိတိက်က် ျပန္ၾကားမႈ ဘာမွ မရခဲ့ပါဘူး။

သီေပါဘုရင္မိသားစုနဲ႔ အဂၤလိပ္စစ္ဗိုလ္ႀကီး စေလဒင္ၾကားက ျဖစ္တဲ့ကိစၥလို႔ ဖဆပလအစိုးရက ျပန္ၾကားဖူးသလို ဝမ္းနည္းေၾကာင္း၊ မည္သို႔မွ ၾကားမဝင္ႏိုင္ေၾကာင္း၊ ႏု-အက္လီစာခ်ဳပ္အရ ျမန္မာျပည္နဲ႔ ၿဗိတိသွ် အစိုးရၾကား ေႂကြးၿမီေတြကို ၿပီးျပတ္ၿပီး ျဖစ္တဲ့အတြက္ က်န္တဲ့ ကိစၥေတြကို ျမန္မာအစိုးရကိုပဲ လႊဲေျပာင္းၿပီးသားျဖစ္လို႔ ျမန္မာဘက္ကိုပဲ ေမးျမန္းဖို႔ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္႐ုံးက ျပန္ခဲ့ဖူးတယ္လို႔ သီေပါမင္းရဲ႕ ေျမးေတာ္သူ ေတာ္ဘုရားေလးက ေရးခဲ့ ပါတယ္။

ဘုရင္ပိုင္ေရနံတြင္း ၁၃ဝ ကိစၥ ဘီအိုစီ ကုမၸဏီနဲ႔ ေမးျမန္းတာေတြ လုပ္ခဲ့ေပမယ့္ ၁၉၅ဝ ေက်ာ္မွာပဲ ဘီအိုစီက ဗိုလ္ခ်ဳပ္ေနဝင္းကို အာဏာသိမ္းဖို႔ ခ်ဥ္းကပ္တဲ့ ကိစၥျဖစ္လို႔ သီေပါဘုရင္ ေျမးေတာ္ေတြ လက္ေရွာင္ေနခဲ့ရပါတယ္။

ဒါေပမဲ့ ျမန္မာ နန္းတြင္းပစၥည္းေတြကို ၿဗိတိန္ဘက္က ျပန္ေပးတာေတြလည္း ရွိခဲ့ပါတယ္။
၁၉၄၁ ဂဠဳန္ဦးေစာ နန္းရင္းဝန္ဘဝနဲ႔ ၿဗိတိန္ေရာက္တုန္း ေဒၚခ်က္စတာဟိုတယ္မွာ အမည္မေဖာ္သူတေယာက္က သီေပါမင္း မိဘုရားရဲ႕ ေက်ာက္စိမ္းလက္ေကာက္ကို ေငြကြမ္းအစ္နဲ႔ထည့္ၿပီး လာေပးသြား ဖူးပါတယ္။ ေနာက္ ဦးေစာ ႀကိဳးေပးခံရၿပီးေနာက္ မိသားစုက ဒီလက္ေကာက္ကို ေ႐ႊတိဂုံဘုရား လႉခဲ့ပါတယ္။

၁၉၄၈ ျမန္မာျပည္ လြတ္လပ္ေရး ရၿပီးေနာက္ အိႏၵိယ ဘုရင္ခံခ်ဳပ္ ေလာ့ေမာင့္ဘက္တန္က သီဟာသနပလႅင္ကို ျပန္ယူလာၿပီး ျမန္မာသမၼတကို အခမ္းအနားနဲ႔ အပ္ပါတယ္။

၁၉၆၄ မွာ ေတာ္လွန္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ၿဗိတိန္ကေန မင္းခမ္းေတာ္ပစၥည္းေတြ ျပန္ယူလာၿပီး အေလာင္းဘုရားရဲ႕ ဓားကို သူေဝွ႔ယမ္းလာတယ္လို႔ ပါေမာကၡ ေရာဘတ္ေတလာေရးတဲ့ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းရဲ႕ ႏိုင္ငံေရးအတၳဳပၸတၱိမွာ ပါရွိပါတယ္။

ဒါေပမဲ့ လန္ဒန္က ဝိတိုရိယနဲ႔ အဲလ္ဘတ္ျပတိုက္အပါအဝင္ ၿဗိတိန္က တခ်ိဳ႕ ေနရာေတြမွာ ျမန္မာနန္းတြင္းပစၥည္းေတြ အမ်ားအျပား က်န္ရွိေနပါေသးတယ္။

ေက်ာက္အလုံးေရ ႏွစ္ေသာင္း စီျခယ္ထားတဲ့ ျမန္မာဘုရင္ရဲ႕ ရထားႀကီးျဖစ္ပါတယ္။ ဘႀကီးေတာ္ပိုင္ ေ႐ႊရထားကို ထားဝယ္ကေန ပထမ အဂၤလိပ္ ျမန္မာစစ္ အတြင္း ယူေဆာင္သြားၿပီး လန္ဒန္က ပစ္ကယ္ဒီလီ အဝိုင္းမွာ ျပသခဲ့ဖူးတယ္လို႔ သိရပါတယ္။

ေနာက္ပိုင္းေတာ့ ဆပ္ကပ္ပြဲမွာ ျပတဲ့ရထားျဖစ္သြားၿပီးေနာက္ ဘယ္ေရာက္သြားတယ္ မသိရပါဘူး။
ေနာက္ မင္းသုဝဏ္ ေက်ာင္းသားဘဝနဲ႔ ဒုတိယကမာၻစစ္ မျဖစ္ခင္က ၿဗိတိသွ် ျပတိုက္မွာ ေတြ႕ခဲ့တဲ့ ဗႏၶဳလ သံခ်ပ္အက်ႌကိုလည္း ျပတိုက္မွာပဲ ထိန္းသိမ္းထားတယ္လို႔ ယူဆရပါတယ္။

ပလႅင္ေရွ႕မွာ ထားတဲ့ သူငယ္ေတာ္႐ုပ္တခ်ိဳ႕ကိုလည္း လန္ဒန္ျပတိုက္ေတြမွာ ျပသထားၿပီး မင္းခမ္းေတာ္ ထဲက ပတၱျမားစီ ဟသၤာကြမ္းအုပ္ကိုေတာ့ ခ်စ္ၾကည္ေရး အေနနဲ႔ ၿဗိတိန္ကို ျပန္ေပးခဲ့သလို ေ႐ႊတိဂုံဘုရားက ရတဲ့ ရွင္ေစာပုဘုရင္မ ေခါင္းေဆာင္းလို႔ ယူဆတဲ့ ေ႐ႊေခါင္းေဆာင္းလည္း ဝိတိုရိယနဲ႔ အဲလ္ဘတ္ျပတိုက္မွာ ရွိေနပါတယ္။

အေလာင္းဘုရားက အဂၤလန္က ဒုတိယ ေဂ်ာ့ဘုရင္ဆီကို ပို႔တဲ့ ေ႐ႊေပလႊာကိုေတာ့ ဂ်ာမနီက ဟန္ႏိုဗာ ၿမိဳ႕မွာ ျပန္ေတြ႕ၿပီး ျပသထားပါတယ္။
နန္းစဥ္ပစၥည္းတခ်ိဳ႕ ျပန္ရေပမယ့္ လမ္းစေပ်ာက္ေနတဲ့ ငေမာက္အေၾကာင္းက ျမန္မာေတြအတြက္ အၿမဲ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ၿဗိတိသွ်ေအာက္မွာကတည္းက ဒီအေၾကာင္းကို ေရးၾကတာေတြ ရွိသလို ၁၉၈ဝ ေက်ာ္က ျမန္မာစာနယ္ဇင္းေတြမွာလည္း အိုင္စီအက္ ဦးခ်မ္းသာဇနီး ေဒၚတင္တင္ေမကို ကိုးကားၿပီးေရးတဲ့ ေဆာင္းပါးေတြ ထြက္လာပါတယ္။

ေဒၚတင္တင္ေမက ကုန္းေဘာင္ဆက္ ရာဇဝင္ကို ျပဳစုတဲ့ မင္းသား ဦးေမာင္ေမာင္တင္နဲ႔ မင္းတုန္းမင္းေနာင္ေတာ္ ျပည္မင္းသားရဲ႕ ေျမးေတာ္တဲ့ ျပည္ထိပ္တင္ဆင့္တို႔ရဲ႕ သမီးျဖစ္ပါတယ္။

သူ႔ဖခင္လိုပဲ ေဒၚတင္တင္ေမကို ျမန္မာဘုရင္ေခတ္အေၾကာင္း လိုက္စားသူေတြက ေမးျမန္းၿပီး ေရးသားေလ့ရွိသလို အဲဒီအခ်ိန္က ႏိုင္ငံေခါင္းေဆာင္ ဦးေနဝင္းက အစ္မေတာ္ဆိုၿပီး သူ႔ကို နန္းတြင္းေရး ေတြ ေမးျမန္းေလ့ရွိတယ္လို႔ ေဒၚတင္တင္ေမရဲ႕ ေဆြမ်ိဳးထဲက သိရပါတယ္။

ေဒၚတင္တင္ေမ အဆိုအရ ၁၉၁၁ ေဒလီမွာ ပၪၥမေျမာက္ ေဂ်ာ့ဘုရင္ ဘိသိက္ခံရာမွာ အင္ပါယာသရဖူကို ျပည္ပ မသယ္ရတဲ့ ဓေလ့အရ အိႏၵိယ အင္ပါယာသရဖူအသစ္ ျပဳလုပ္ၿပီး ေဆာင္းပါတယ္။

အဲဒီသရဖူမွာ ျမန္မာျပည္က ပတၱျမားႀကီး တပ္ဆင္ထားေၾကာင္း ေဒလီဒါဘာကို တက္တဲ့ ၿဗိတိသွ် အရာရွိေတြက ေျပာတယ္လို႔ ဒါဘာက ျပန္လာတဲ့ ေက်ာက္ဆည္ ရာဇဝတ္ဝန္ေထာက္ ဦးထြန္းမင္းက ေက်ာက္ဆည္နယ္ပိုင္ျဖစ္ေနတဲ့ ဦးေမာင္ေမာင္တင္ကို ျပန္ေျပာပါတယ္။ ဦးထြန္းမင္းက သီေပါမင္းေခတ္မွာ တန္ခိုးႀကီးခဲ့တဲ့ ရေနာင္ေမာင္ေမာင္တုတ္ တူမရဲ႕ ခင္ပြန္းျဖစ္ပါတယ္။

ဦးေမာင္ေမာင္တင္က သူ႔ႏွမကို မႏၲေလးက ေခၚၿပီး ပတၱျမားပုံပါတဲ့ ေရာင္စုံပို႔စကတ္ကို ျပတဲ့အခါမွာ ဘုရင္နဲ႔ မိဘုရား ဘ႑ာထိန္း ျဖစ္ခဲ့တဲ့ မင္းသမီးက ခ်က္ခ်င္းမွတ္မိၿပီး ဒါ ငေမာက္ပဲ လို႔ ေျပာတယ္ ဆိုပါတယ္။

ေဒၚတင္တင္ေမရဲ႕ ေျပာစကားကို အေျခတည္ၿပီး ေဆာင္းပါးေတြ ေရးၾကေပမယ့္ အႏွစ္ ၇ဝ ေက်ာ္က ျဖစ္ရပ္က ျပန္ေျပာခ်ိန္မွာ ဘယ္ေလာက္တိက်မယ္ ဆိုတာ မေသခ်ာသလို မင္းသမီးရဲ႕ စိတ္သိနဲ႔ ေျပာတဲ့ စကားကို သက္ေသအခိုင္အမာ ယူဖို႔ခက္ေနပါတယ္။

ေနာက္ ျမန္မာပတၱျမားကို တပ္ထားတယ္ ဆိုတာနဲ႔ ငေမာက္လို႔ တပ္အပ္ေျပာဖို႔က စြဲလမ္းစိတ္နဲ႔ ေျပာသလို ျဖစ္ေနပါတယ္။

ၿပီးေတာ့ အဲဒီ ဒါဘာပြဲကိုတက္တဲ့ ျမန္မာျပည္က ရွမ္းေစာ္ဘြားေတြဘက္က ဒီသရဖူအေၾကာင္း ေျပာဆိုတာလည္း မက်န္ရစ္ခဲ့ပါဘူး။ မႏၲေလးနန္းတြင္းမွာ က်င္လည္ခဲ့ဖူးတဲ့ ေစာ္ဘြားေတြကေတာ့ ငေမာက္ ပတၱျမားအေၾကာင္း နားရည္ဝခဲ့ၾကမွာ ျဖစ္ပါတယ္။

တဘက္မွာလည္း ျမန္မာျပည္က ၿဗိတိသွ်ေတာ္ဝင္မိသားစုကို လက္ေဆာင္ေပးခဲ့တဲ့ လက္ဝတ္ရတနာေတြ ရွိခဲ့ပါတယ္။

၁၉၄၇ က ၿဗိတိသွ် အိမ္ေရွ႕စံ အဲလဇၨဘက္ မင္းသမီး လက္ထပ္ပြဲအတြက္ မိုးကုတ္ၿမိဳ႕က ေက်ာက္ ၉၆ လုံးပါတဲ့ ပတၱျမားလည္ဆြဲႀကီး ေပးပို႔ခဲ့ပါတယ္။

ဒီထဲက ပတၱျမားလုံးေတြကို အိႏၵိယက ႏိုင္ဇမ္ မဟာရာဇာ ေစာ္ဘြား ဆက္သတဲ့ သရဖူမွာ စီၿပီး ျမန္မာပတၱျမားသရဖူအျဖစ္ အခမ္းအနားေတြမွာ လက္ရွိ ၿဗိတိသွ် ဘုရင္မႀကီးက သုံးစြဲေလ့ရွိပါတယ္။
ဒီသရဖူကို ဘုရင္မက ျမတ္ျမတ္ႏိုးႏိုး ဆင္ျမန္းေလ့ရွိတယ္လို႔လည္း သိရပါတယ္။

ျမန္မာျပည္ ႏိုင္ငံေရးအေျပာင္းအလဲ ျဖစ္ၿပီးေနာက္ ဘုရင့္အဆက္အႏြယ္ေတြရဲ႕ နန္းစဥ္ရတနာ ကိစၥ ေျပာဆိုတာေတြ ျပန္ထြက္လာပါတယ္။

ၿဗိတိန္ထိ လာၿပီး ဒီအေၾကာင္း ေျပာဆိုတာ၊ မွတ္တမ္း႐ုပ္ရွင္ျပတာေတြ ရွိလာပါတယ္။
အလားတူပဲ အာဖရိကနဲ႔ တျခား ကိုလိုနီေဟာင္း ႏိုင္ငံေတြက ၿဗိတိန္နဲ႔ အေနာက္ႏိုင္ငံေတြမွာ ေရာက္ရွိေနတဲ့ သူတို႔ရဲ႕ သမိုင္းအေမြအႏွစ္ေတြကို ျပန္ေပးဖို႔ ေတာင္းဆိုတာေတြလည္း ရွိလာပါတယ္။တခ်ိဳ႕ကို ျပန္ေပးရတာေတြလည္း ရွိပါတယ္။

အိႏၵိယက စစ္ရႈံးတဲ့ ပန္ဂ်ပ္ မဟာရာဇာ ေစာ္ဘြားဆီကေန စာခ်ဳပ္နဲ႔တကြ သိမ္းယူလာတဲ့ ကိုဟီးႏူးစိန္ႀကီးကို ၿဗိတိသွ် အင္ပါယာသရဖူမွာ တပ္ဆင္ထားခဲ့ပါတယ္။

ဒါကိုလည္း အိႏၵိယ၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ ႏိုင္ငံေတြက ျပန္ေတာင္းေနဆဲ ျဖစ္ပါတယ္။
၁၈၈၆ ကတည္းက ဘယ္ေရာက္သြားမွန္းမသိတဲ့ ငေမာက္နဲ႔ တျခား နန္းစဥ္ပစၥည္းေတြ ျပန္ရဖို႔ကေတာ့ ေရအဆုံး ကုန္းတဝက္ဆိုတာထက္ကို ခက္ခဲေနပါတယ္။

ၿဗိတိသွ်နန္းတြင္းက လူဝီစ္မင္းသမီးရဲ႕ ေသတမ္းစာကေန ဒီအေၾကာင္း ထြက္လာမလား၊ စာၾကည့္တိုက္ မွတ္တမ္းေတြထဲက ျပန္ေတြ႕ရမလား ပတၱျမားမွန္ရင္ ႏြံမနစ္ဘူးဆိုတဲ့ ျမန္မာစကားပုံ မွန္မမွန္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ပတၱျမားနဲ႔ စိန္ေက်ာက္နီလာေတြ၊ ေ႐ႊ႐ုပ္တုေတြနဲ႔ နန္းတြင္းသရဖူေတြ၊ စလြယ္ေတြ အမ်ားအျပားကေတာ့ သီေပါမင္း မိသားစုလက္ထဲမွာ မရွိေတာ့သလို ဘယ္သူ႔လက္မွာ ေရာက္ေနတယ္ ဆိုတာလည္း မသိရပါဘူး။
#Source – ဘိုဘို၊
ဘီဘီစီျမန္မာပိုင္း၊ ၁၂ ဇြန္ ၂၀၁၉
credit.

Unicode

သီပေါမင်းခေတ်က ငမောက်နဲ့ နန်းစဉ်ရတနာတွေ ဘယ်ရောက်သွားသလဲ

မြန်မာပြည်က ငမောက် ပတ္တမြား ဘယ်ရောက်သွားသလဲ စိတ်ဝင်စားသူ များပါတယ်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး အပါအဝင် မြန်မာမှတ်တမ်းတွေမှာတော့ ကာနယ်စလေဒင်ကို နန်းစဉ်ရတနာတွေ အပ်လိုက်ရတယ်လို့ပဲ ဖော်ပြကြပြီး အဲဒီရတနာတွေ ဘယ်ရောက်သွားတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

မြန်မာပြည်မှာ အဓိက တွင်းထွက် ကျောက်မျက်က ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းဖြစ်ပြီး ကပ္ပလီပင်လယ်ကလည်း ပုလဲထွက်ပါတယ်။ ဒါပေမဲ့ မြန်မာဘုရင်တွေ အမြတ်တနိုးအထားဆုံး ရတနာကတော့ ပတ္တမြား ဖြစ်ပြီး ပြည်ပက လာတဲ့ စိန်၊ မြနဲ့ ပတ္တမြား၊ နီလာတွေကို ရွှေနဲ့စီမံထားတဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ကြလေ့ရှိပါတယ်။

ဒါကြောင့် နန်းစဉ်ရတနာ အဖြစ် စာရင်းပြတဲ့ ကျောက်တွေမှာ ပတ္တမြားတွေ အများဆုံး ပါဝင်ပြီး ဒီထဲက ငမောက်က အထင်ရှားဆုံး ဖြစ်ပါတယ်။

ဒီပြည်တန်ပတ္တမြားကြီးကို ဘယ်တုန်းကစ တွေ့တယ်၊ ဘယ်အချိန်ကပြီး မြန်မာနန်းတွင်းမှာ ရှိနေတယ်ဆိုတာကလည်း မူကွဲတွေ ရှိပါတယ်။ တချို့က ချင်းတွင်းဘက်ကရတယ် ပြောပြီး မိုးကုတ်ကလို့ ရေးသူတွေ လည်း ရှိပါတယ်။ ညောင်ရမ်းခေတ် ပြည်မင်းလက်ထက်မှာ တွေ့တယ်လို့ ရာဇဝင်တွေက ရေးပေမယ့် ဘိုးတော်ဘုရားလက်ထက်က ရတယ်လို့ ရေးတဲ့ ရှေးစာဟောင်းတွေလည်း ရှိပါတယ်။

ကုလားပြန်၊ နဂါးဗိုလ်၊ လှော်ကားတင်ကြီး၊ လှော်ကားတင်ကလေး၊ ဆင်မတော်၊ စံကျောက်တော် စတဲ့ ကျောက်ကြီးကျောက်ကောင်းတွေလည်း မြန်မာဘုရင်တွေရဲ့ ရတနာစာရင်းမှာ ပါပါတယ်။
ဒါပေမဲ့ ဒီကျောက်ကြီးတွေပုံကို သေချာ ရေးဆွဲရိုက်ကူး မှတ်တမ်းတင်ထားတာ မရှိတဲ့အတွက် ခြေရာခံရ ခက်ခဲနေပါတယ်။

အဓိက မြန်မာမှတ်တမ်းတွေမှာ ဖော်ပြတာက စလေဒင်လက်ကို ငမောက်နဲ့ တကွ နန်းစဉ်ရတနာတွေ အပ်လိုက်ရတယ်လို့ပဲ ပါရှိပါတယ်။

သီပေါမင်းရဲ့ စတုတ္ထသမီးတော်နဲ့ သူ့မိသားစုဘက်က ရေးတဲ့ မှတ်တမ်းတွေမှာတော့ မန္တလေးကနေ သူရိယ သင်္ဘောနဲ့ ပါတော်မူချိန်မှာ စလေဒင်က ဘုရင်ဆီက ကျောက်ကို တောင်းကြည့်ပြီး ထည့်ယူ သွားတယ်လို့ပဲ ဆိုပါတယ်။

ပါတော်မူတဲ့နေ့ မနက်မှာ နန်းစဉ်ရတနာတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းထားလိုကြောင်း စလေဒင်က လျှောက်တင် တဲ့အတွက် ပေါက်မြိုင်မြို့စား ရွှေတိုက်ဝန် ဦးလှဘူးက စလေဒင်ကို စာရင်းနဲ့တကွ အပ်ရတယ်လို့ မင်းသား ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် ရာဇဝင်မှာ ပါရှိပါတယ်။

နောက် အိန္ဒိယဘုရင်ခံချုပ်ပို့တဲ့ မန္တလေးနန်းတွင်းကရတဲ့ အဖိုးတန်ပစ္စည်းစာရင်းမှာ နန်းစဉ်ပတ္တမြားတွေ ပါမလာတဲ့ ကိစ္စကို လန်ဒန်က အိန္ဒိယရုံးက မြန်မာမှူးမတ်တွေကို မေးမြန်းရာမှာလည်း ရွှေတိုက်ဝန်က ထပ်တူ ထွက်ဆိုပါတယ်။ ရွှေလက်စွပ်မှာ ကွင်းထားတဲ့ ငမောက်ကျောက်ပုံကိုလည်း သူက ဆွဲပြပါတယ်။ တိုင်တားမင်းကြီးနဲ့ ကာနယ်စလေဒင်ရဲ့ စာရေးကြီး နီကိုလပ်စ်တို့ သက်သေ ရှိကြောင်းလည်း ဆိုပါတယ်။

စလေဒင်ကတော့ ရွှေတိုက်အတွင်းဝန်ကို အဲဒီမနက်က မြင်လိုက်ပေမယ့် ပစ္စည်းစာရင်းပုရပိုက်ကို ရတယ်လို့ မမှတ်မိကြောင်း၊ အဲဒီအချိန်က ညီလာခံခန်းမကြီးထဲမှာ နန်းစဉ်ပစ္စည်းတွေ စုပုံပြန့်ကျဲနေပြီး ဗြိတိသျှတပ်တွေကို စောင့်ကြည့်ဖို့ သူအမိန့်ပေးရကြောင်း၊ အဲဒီမတိုင်ခင်ညက နန်းတွင်းက ထွက်သွားတဲ့ မင်းတုန်းမင်း မိဘုရားဟောင်းတွေ၊ မင်းသမီးတွေနဲ့ ၃ဝဝ လောက်ရှိတဲ့ အပျိုတော်တွေလက်ထဲ ဒီပစ္စည်းတချို့ ပါသွားတာ ဖြစ်နိုင်ကြောင်း စသဖြင့် လန်ဒန်က ရေးသားထွက်ဆိုပြီး သူ့ကိုယုံကြည်ပါ လို့လည်း စာအဆုံးသတ်မှာ ရေးပါတယ်။

လန်ဒန် ဗြိတိသျှ စာကြည့်တိုက်မှာ သိမ်းထားတဲ့ စလေဒင်ရဲ့ စာမူကြမ်းမှာတော့ ဘုရင်က ကျုပ်ကို … ရတနာ ပစ္စည်း … လက်ခံခိုင်းလို့ သဘောတူလိုက်တယ် … ကျုပ်ကို သူက … သယ်ခိုင်းတယ် ဆိုတာမျိုး ရေးထားပြီးမှ ပြန်ဖျက်ထားခဲ့တယ်လို့ အဲလက်စ်ဘက်စ်ကိုဘီက ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး ဆောင်းပါးမှာ ရေးပါတယ်။

နောက်ဆုံး ဆက်လက်စုံစမ်းမရဘဲ ဒီကျောက်တွေ သီပေါမင်းလက် ပါသွားပုံရတယ် ဆိုတာလောက်နဲ့ ပြီးသွားခဲ့ပါတယ်။

စလေဒင်လက် ငမောက် အပ်လိုက်တာကို သူ့အဘိုး မြင်လိုက်ရကြောင်း နီကိုလပ်စ်ရဲ့ မြေးတော်သူ သူနာပြုဆရာမကြီးက ၁၉၆ဝ မှာ ပြောပြတယ်လို့ မောင်သန်းဆွေ (ထားဝယ်)ကလည်း ရေးခဲ့ပါတယ်။
ဒါပေမဲ့ အိန္ဒိယရောက်ခါစ မဒရပ် (ချင်နိုင်း)မှာ ကတည်းက သီပေါမင်းနဲ့ မိသားစု၊ အပျိုတော်တွေ၊ စာရေးတော်တွေကအစ သူတို့ပိုင်ဆိုင်မှုတွေကို ဗြိတိသျှဘက်က စာရင်းပြု မှတ်တမ်းယူထားပြီး ဖြစ်ပါတယ်။ အဲဒီစာရင်းတွေထဲမှာလည်း ငမောက်နဲ့ တခြားပျောက်နေတဲ့ နန်းစဉ် ပတ္တမြားတွေကို မတွေ့ရပါဘူး။

စာရင်းထဲ ထည့်မပြဘဲ မြန်မာဘုရင်ဟောင်း ဘက်က လျှို့ဝှက်သိမ်းဆည်းထားခဲ့သလား၊ အကယ်လို့ ဒီလိုလျှို့ဝှက်ထားခဲ့ရင်လည်း ဘာကြောင့် ဒီပတ္တမြားတွေကို သီပေါမင်းဘက်က ဗြိတိသျှကို ပြန်လည် တောင်းခံခဲ့သလဲဆိုတာ ကာယကံရှင်တွေမှ သိနိုင်တော့မယ့် ဖြစ်ရပ်တွေပါ။

တချို့ ဗြိတိသျှ နန်းတွင်းသမိုင်းပညာရှင်တွေကတော့ ငမောက်ကို ဝိတိုရိယ ဘုရင်မရဲ့ သမီးတော် လူဝီစ်မင်းသမီးကို ပေးခဲ့တယ်လို့ ယူဆပါတယ်။

မင်းသမီးလက်ကို ကျောက်က ဘယ်လိုရောက်လာတယ် ဆိုတာ မပြောနိုင်ပေမယ့် မြန်မာပြည်က သိမ်းမိတဲ့ ပစ္စည်းတချို့ကို ဘုရင်မဆီကို အိန္ဒိယ ဘုရင်ခံချုပ်က တိုက်ရိုက်ဆက်သတာ ဖြစ်နိုင်တယ် လို့လည်း ယူဆကြပါတယ်။

ဒါကြောင့် မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မင်းသမီးရဲ့ သေတမ်းစာနဲ့ ပိုင်ဆိုင်မှု စာရင်းတွေထဲ ဒီကျောက်ကို ဆက်ပြီး ရှာနေကြပါတယ်။

အရှေ့အင်္ဂလီယာ တက္ကသိုလ်က ပါမောက္ခ မိုက်ကယ်နက်ရှ်ကို ဗြိတိသျှဘုရင်မ ရွှေတိုက်တော်က ပြန်ကြားချက်အရ မြန်မာဘုရင်ရဲ့ သံအမတ်ကြီးတွေက ဝိတိုရိယဘုရင်မကို ပေးတဲ့ ပတ္တမြားကို လည်ဆွဲလုပ်ဖို့ ဒီမင်းသမီးကို ပေးခဲ့တာလို့ သိရပါတယ်။

ပါတော်မမူခင်က လာတဲ့ မြန်မာသံအဖွဲ့က ဆက်သတာ ဖြစ်နိုင်ပါတယ်။
သီပေါမင်းဘက်ကလည်း အိန္ဒိယ အပို့ခံရပြီးနောက် စလေဒင်လက်ပေးခဲ့ရတဲ့ သူ့ကိုယ်ပိုင်ပစ္စည်းတွေကို ပြန်တောင်းပါတယ်။

ပါတော်မူနေ့က ရွှေတိုက်အတွင်းဝန် ပြုစုတဲ့ စာရင်းမှာ ဘုရင်ဟောင်းရဲ့ နိုင်ငံရေးအရာရှိ ဖန်ရှောလက်မှတ်ထိုးပြီး အိန္ဒိယဘုရင်ခံချုပ်ဆီ စာတင်တာပါ။ အဲဒီစာထဲမှာတော့ နဂါးမောက်ခေါ် ပတ္တမြား လက်စွပ်လို့ ပါပါတယ်။

နောက် ၁၉၁၁ မှာ ဒေလီကို ဘိသိက်ခံဖို့ လာတဲ့ ဝိတိုရိယ ဘုရင်မရဲ့ မြေးတော် ပဉ္စမဂျော့ဘုရင်ကို ဒီကျောက်တွေနဲ့ သူ့ပိုင်ဆိုင်မှုတွေအကြောင်း စုံစမ်းတောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။

သူ့သမီးတော် မော်လမြိုင် စုဘုရားကလည်း စတုတ္ထသမီးတော် အရေးတော်ပုံစာတမ်းမှာ ဒီကျောက်တွေနဲ့ တခြားပိုင်ဆိုင်မှုတွေ စာရင်းလုပ်ပြီး ၁၉၃၁ က တောင်းဆိုပါတယ်။

၁၉၄၈ ကလည်း မြန်မာပြည်ရဲ့ လော့မောင့်ဘက်တန်ကို သီပေါအနွယ်တော်တွေက တောင်းဆိုခဲ့ပါသေးတယ်။

နောက် ဘုရင့်မြေးတော်တစုနဲ့ တတိယသမီးတော်တို့က ၁၉၅၃ မှာ ဒုတိယ အဲလဇ္ဇဘက် ဘုရင်မ နန်းတက်ပွဲအတွက် ဘိသိက်ကူညီစောင်မမှု တောင်းခံတဲ့ အနေနဲ့ သူတို့ ဆုံးရှုံးမှုတွေကို စာရင်းပြု တောင်းဆိုပါတယ်။

နောက်ဆုံး ၁၉၈၅ မှာ လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းကတဆင့် ဗြိတိသျှအစိုးရနဲ့ အိန္ဒိယ သံရုံးတို့ကို မြန်မာဘုရင်နဲ့ မိဘုရားခေါင်ကြီးတွေရဲ့ နန်းစဉ်ရွှေကိုယ်လေး အရုပ်တွေ ပြန်ရဖို့ တောင်းဆိုခဲ့ပါတယ်။

ဘုရင်အစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ ကုန်းဘောင်ခေတ် ဘုရင်တွေရဲ့ ရုပ်တု ၁၁ ရုပ်ကို ကာလကတ္တားမှာ ၁၈၈၆ က ပြသဖို့ စီစဉ်ထားတယ်၊ အနွယ်တော်တွေ ပြန်တောင်းရင် ပေးမယ် ဆိုပြီး အိန္ဒိယ ဘုရင်ခံချုပ် မှတ်ချက်ပဲ ရှိတဲ့ ဒီအရုပ်တွေ လည်း ဘယ်ရောက်နေမှန်း မသိရတော့ပါဘူး။

၁၈၈၆ ကတည်းက စတဲ့ ဒီတောင်းဆိုတဲ့ အကြိမ်အားလုံးမှာ တိတိကျကျ ပြန်ကြားမှု ဘာမှ မရခဲ့ပါဘူး။

သီပေါဘုရင်မိသားစုနဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး စလေဒင်ကြားက ဖြစ်တဲ့ကိစ္စလို့ ဖဆပလအစိုးရက ပြန်ကြားဖူးသလို ဝမ်းနည်းကြောင်း၊ မည်သို့မှ ကြားမဝင်နိုင်ကြောင်း၊ နု-အက်လီစာချုပ်အရ မြန်မာပြည်နဲ့ ဗြိတိသျှ အစိုးရကြား ကြွေးမြီတွေကို ပြီးပြတ်ပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ ကိစ္စတွေကို မြန်မာအစိုးရကိုပဲ လွှဲပြောင်းပြီးသားဖြစ်လို့ မြန်မာဘက်ကိုပဲ မေးမြန်းဖို့ ဗြိတိသျှ ဝန်ကြီးချုပ်ရုံးက ပြန်ခဲ့ဖူးတယ်လို့ သီပေါမင်းရဲ့ မြေးတော်သူ တော်ဘုရားလေးက ရေးခဲ့ ပါတယ်။

ဘုရင်ပိုင်ရေနံတွင်း ၁၃ဝ ကိစ္စ ဘီအိုစီ ကုမ္ပဏီနဲ့ မေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ၁၉၅ဝ ကျော်မှာပဲ ဘီအိုစီက ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ ချဉ်းကပ်တဲ့ ကိစ္စဖြစ်လို့ သီပေါဘုရင် မြေးတော်တွေ လက်ရှောင်နေခဲ့ရပါတယ်။

ဒါပေမဲ့ မြန်မာ နန်းတွင်းပစ္စည်းတွေကို ဗြိတိန်ဘက်က ပြန်ပေးတာတွေလည်း ရှိခဲ့ပါတယ်။
၁၉၄၁ ဂဠုန်ဦးစော နန်းရင်းဝန်ဘဝနဲ့ ဗြိတိန်ရောက်တုန်း ဒေါ်ချက်စတာဟိုတယ်မှာ အမည်မဖော်သူတယောက်က သီပေါမင်း မိဘုရားရဲ့ ကျောက်စိမ်းလက်ကောက်ကို ငွေကွမ်းအစ်နဲ့ထည့်ပြီး လာပေးသွား ဖူးပါတယ်။ နောက် ဦးစော ကြိုးပေးခံရပြီးနောက် မိသားစုက ဒီလက်ကောက်ကို ရွှေတိဂုံဘုရား လှူခဲ့ပါတယ်။

၁၉၄၈ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယ ဘုရင်ခံချုပ် လော့မောင့်ဘက်တန်က သီဟာသနပလ္လင်ကို ပြန်ယူလာပြီး မြန်မာသမ္မတကို အခမ်းအနားနဲ့ အပ်ပါတယ်။

၁၉၆၄ မှာ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ဗြိတိန်ကနေ မင်းခမ်းတော်ပစ္စည်းတွေ ပြန်ယူလာပြီး အလောင်းဘုရားရဲ့ ဓားကို သူဝှေ့ယမ်းလာတယ်လို့ ပါမောက္ခ ရောဘတ်တေလာရေးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နိုင်ငံရေးအတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။

ဒါပေမဲ့ လန်ဒန်က ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်အပါအဝင် ဗြိတိန်က တချို့ နေရာတွေမှာ မြန်မာနန်းတွင်းပစ္စည်းတွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ကျောက်အလုံးရေ နှစ်သောင်း စီခြယ်ထားတဲ့ မြန်မာဘုရင်ရဲ့ ရထားကြီးဖြစ်ပါတယ်။ ဘကြီးတော်ပိုင် ရွှေရထားကို ထားဝယ်ကနေ ပထမ အင်္ဂလိပ် မြန်မာစစ် အတွင်း ယူဆောင်သွားပြီး လန်ဒန်က ပစ်ကယ်ဒီလီ အဝိုင်းမှာ ပြသခဲ့ဖူးတယ်လို့ သိရပါတယ်။

နောက်ပိုင်းတော့ ဆပ်ကပ်ပွဲမှာ ပြတဲ့ရထားဖြစ်သွားပြီးနောက် ဘယ်ရောက်သွားတယ် မသိရပါဘူး။
နောက် မင်းသုဝဏ် ကျောင်းသားဘဝနဲ့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဗြိတိသျှ ပြတိုက်မှာ တွေ့ခဲ့တဲ့ ဗန္ဓုလ သံချပ်အင်္ကျီကိုလည်း ပြတိုက်မှာပဲ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

ပလ္လင်ရှေ့မှာ ထားတဲ့ သူငယ်တော်ရုပ်တချို့ကိုလည်း လန်ဒန်ပြတိုက်တွေမှာ ပြသထားပြီး မင်းခမ်းတော် ထဲက ပတ္တမြားစီ ဟင်္သာကွမ်းအုပ်ကိုတော့ ချစ်ကြည်ရေး အနေနဲ့ ဗြိတိန်ကို ပြန်ပေးခဲ့သလို ရွှေတိဂုံဘုရားက ရတဲ့ ရှင်စောပုဘုရင်မ ခေါင်းဆောင်းလို့ ယူဆတဲ့ ရွှေခေါင်းဆောင်းလည်း ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်မှာ ရှိနေပါတယ်။

အလောင်းဘုရားက အင်္ဂလန်က ဒုတိယ ဂျော့ဘုရင်ဆီကို ပို့တဲ့ ရွှေပေလွှာကိုတော့ ဂျာမနီက ဟန်နိုဗာ မြို့မှာ ပြန်တွေ့ပြီး ပြသထားပါတယ်။
နန်းစဉ်ပစ္စည်းတချို့ ပြန်ရပေမယ့် လမ်းစပျောက်နေတဲ့ ငမောက်အကြောင်းက မြန်မာတွေအတွက် အမြဲ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှအောက်မှာကတည်းက ဒီအကြောင်းကို ရေးကြတာတွေ ရှိသလို ၁၉၈ဝ ကျော်က မြန်မာစာနယ်ဇင်းတွေမှာလည်း အိုင်စီအက် ဦးချမ်းသာဇနီး ဒေါ်တင်တင်မေကို ကိုးကားပြီးရေးတဲ့ ဆောင်းပါးတွေ ထွက်လာပါတယ်။

ဒေါ်တင်တင်မေက ကုန်းဘောင်ဆက် ရာဇဝင်ကို ပြုစုတဲ့ မင်းသား ဦးမောင်မောင်တင်နဲ့ မင်းတုန်းမင်းနောင်တော် ပြည်မင်းသားရဲ့ မြေးတော်တဲ့ ပြည်ထိပ်တင်ဆင့်တို့ရဲ့ သမီးဖြစ်ပါတယ်။

သူ့ဖခင်လိုပဲ ဒေါ်တင်တင်မေကို မြန်မာဘုရင်ခေတ်အကြောင်း လိုက်စားသူတွေက မေးမြန်းပြီး ရေးသားလေ့ရှိသလို အဲဒီအချိန်က နိုင်ငံခေါင်းဆောင် ဦးနေဝင်းက အစ်မတော်ဆိုပြီး သူ့ကို နန်းတွင်းရေး တွေ မေးမြန်းလေ့ရှိတယ်လို့ ဒေါ်တင်တင်မေရဲ့ ဆွေမျိုးထဲက သိရပါတယ်။

ဒေါ်တင်တင်မေ အဆိုအရ ၁၉၁၁ ဒေလီမှာ ပဉ္စမမြောက် ဂျော့ဘုရင် ဘိသိက်ခံရာမှာ အင်ပါယာသရဖူကို ပြည်ပ မသယ်ရတဲ့ ဓလေ့အရ အိန္ဒိယ အင်ပါယာသရဖူအသစ် ပြုလုပ်ပြီး ဆောင်းပါတယ်။

အဲဒီသရဖူမှာ မြန်မာပြည်က ပတ္တမြားကြီး တပ်ဆင်ထားကြောင်း ဒေလီဒါဘာကို တက်တဲ့ ဗြိတိသျှ အရာရှိတွေက ပြောတယ်လို့ ဒါဘာက ပြန်လာတဲ့ ကျောက်ဆည် ရာဇဝတ်ဝန်ထောက် ဦးထွန်းမင်းက ကျောက်ဆည်နယ်ပိုင်ဖြစ်နေတဲ့ ဦးမောင်မောင်တင်ကို ပြန်ပြောပါတယ်။ ဦးထွန်းမင်းက သီပေါမင်းခေတ်မှာ တန်ခိုးကြီးခဲ့တဲ့ ရနောင်မောင်မောင်တုတ် တူမရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဦးမောင်မောင်တင်က သူ့နှမကို မန္တလေးက ခေါ်ပြီး ပတ္တမြားပုံပါတဲ့ ရောင်စုံပို့စကတ်ကို ပြတဲ့အခါမှာ ဘုရင်နဲ့ မိဘုရား ဘဏ္ဍာထိန်း ဖြစ်ခဲ့တဲ့ မင်းသမီးက ချက်ချင်းမှတ်မိပြီး ဒါ ငမောက်ပဲ လို့ ပြောတယ် ဆိုပါတယ်။

ဒေါ်တင်တင်မေရဲ့ ပြောစကားကို အခြေတည်ပြီး ဆောင်းပါးတွေ ရေးကြပေမယ့် အနှစ် ၇ဝ ကျော်က ဖြစ်ရပ်က ပြန်ပြောချိန်မှာ ဘယ်လောက်တိကျမယ် ဆိုတာ မသေချာသလို မင်းသမီးရဲ့ စိတ်သိနဲ့ ပြောတဲ့ စကားကို သက်သေအခိုင်အမာ ယူဖို့ခက်နေပါတယ်။

နောက် မြန်မာပတ္တမြားကို တပ်ထားတယ် ဆိုတာနဲ့ ငမောက်လို့ တပ်အပ်ပြောဖို့က စွဲလမ်းစိတ်နဲ့ ပြောသလို ဖြစ်နေပါတယ်။

ပြီးတော့ အဲဒီ ဒါဘာပွဲကိုတက်တဲ့ မြန်မာပြည်က ရှမ်းစော်ဘွားတွေဘက်က ဒီသရဖူအကြောင်း ပြောဆိုတာလည်း မကျန်ရစ်ခဲ့ပါဘူး။ မန္တလေးနန်းတွင်းမှာ ကျင်လည်ခဲ့ဖူးတဲ့ စော်ဘွားတွေကတော့ ငမောက် ပတ္တမြားအကြောင်း နားရည်ဝခဲ့ကြမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း မြန်မာပြည်က ဗြိတိသျှတော်ဝင်မိသားစုကို လက်ဆောင်ပေးခဲ့တဲ့ လက်ဝတ်ရတနာတွေ ရှိခဲ့ပါတယ်။

၁၉၄၇ က ဗြိတိသျှ အိမ်ရှေ့စံ အဲလဇ္ဇဘက် မင်းသမီး လက်ထပ်ပွဲအတွက် မိုးကုတ်မြို့က ကျောက် ၉၆ လုံးပါတဲ့ ပတ္တမြားလည်ဆွဲကြီး ပေးပို့ခဲ့ပါတယ်။

ဒီထဲက ပတ္တမြားလုံးတွေကို အိန္ဒိယက နိုင်ဇမ် မဟာရာဇာ စော်ဘွား ဆက်သတဲ့ သရဖူမှာ စီပြီး မြန်မာပတ္တမြားသရဖူအဖြစ် အခမ်းအနားတွေမှာ လက်ရှိ ဗြိတိသျှ ဘုရင်မကြီးက သုံးစွဲလေ့ရှိပါတယ်။
ဒီသရဖူကို ဘုရင်မက မြတ်မြတ်နိုးနိုး ဆင်မြန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ဘုရင့်အဆက်အနွယ်တွေရဲ့ နန်းစဉ်ရတနာ ကိစ္စ ပြောဆိုတာတွေ ပြန်ထွက်လာပါတယ်။

ဗြိတိန်ထိ လာပြီး ဒီအကြောင်း ပြောဆိုတာ၊ မှတ်တမ်းရုပ်ရှင်ပြတာတွေ ရှိလာပါတယ်။
အလားတူပဲ အာဖရိကနဲ့ တခြား ကိုလိုနီဟောင်း နိုင်ငံတွေက ဗြိတိန်နဲ့ အနောက်နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ သမိုင်းအမွေအနှစ်တွေကို ပြန်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိလာပါတယ်။တချို့ကို ပြန်ပေးရတာတွေလည်း ရှိပါတယ်။

အိန္ဒိယက စစ်ရှုံးတဲ့ ပန်ဂျပ် မဟာရာဇာ စော်ဘွားဆီကနေ စာချုပ်နဲ့တကွ သိမ်းယူလာတဲ့ ကိုဟီးနူးစိန်ကြီးကို ဗြိတိသျှ အင်ပါယာသရဖူမှာ တပ်ဆင်ထားခဲ့ပါတယ်။

ဒါကိုလည်း အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက ပြန်တောင်းနေဆဲ ဖြစ်ပါတယ်။
၁၈၈၆ ကတည်းက ဘယ်ရောက်သွားမှန်းမသိတဲ့ ငမောက်နဲ့ တခြား နန်းစဉ်ပစ္စည်းတွေ ပြန်ရဖို့ကတော့ ရေအဆုံး ကုန်းတဝက်ဆိုတာထက်ကို ခက်ခဲနေပါတယ်။

ဗြိတိသျှနန်းတွင်းက လူဝီစ်မင်းသမီးရဲ့ သေတမ်းစာကနေ ဒီအကြောင်း ထွက်လာမလား၊ စာကြည့်တိုက် မှတ်တမ်းတွေထဲက ပြန်တွေ့ရမလား ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ မြန်မာစကားပုံ မှန်မမှန် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပတ္တမြားနဲ့ စိန်ကျောက်နီလာတွေ၊ ရွှေရုပ်တုတွေနဲ့ နန်းတွင်းသရဖူတွေ၊ စလွယ်တွေ အများအပြားကတော့ သီပေါမင်း မိသားစုလက်ထဲမှာ မရှိတော့သလို ဘယ်သူ့လက်မှာ ရောက်နေတယ် ဆိုတာလည်း မသိရပါဘူး။
#Source – ဘိုဘို၊
ဘီဘီစီမြန်မာပိုင်း၊ ၁၂ ဇွန် ၂၀၁၉
credit.

Leave a Reply

Your email address will not be published. Required fields are marked *