အိမ္ၿခံေျမဝယ္ယူၾကမည့္သူမ်ားအေနျဖင့္ သတိထားဆင္ျခင္တတ္ၾကေစရန္ အတြက္ အထူးသတိထားရမည္႔အခ်က္

I would like to tell you about a small problem that I am aware of so that people who are going to buy real estate can be careful.

The reason is that I bought a 20×60 plot of land without realizing it.
When I went to the plot I bought, I saw someone else building a house. He was angry when he saw it

“Why did you trespass on my land?”
It’s a rough match.

အိမ္ၿခံေျမဝယ္ယူၾကမည့္သူမ်ားအေနျဖင့္ သတိထားဆင္ျခင္တတ္ၾကေစရန္ အတြက္ ကြၽန္ေတာ့္အသိ ျဖစ္ခဲ့တဲ့ ျပႆနာေလးကို ေျပာျပခ်င္ပါတယ္ခင္ဗ်ာ။

အေၾကာင္းကေတာ့ ကြၽန္ေတာ္အသိက သတိမထားမိဘဲ 20×60 ေျမကြက္လြတ္ကို ဝယ္ယူမိလိုက္တယ္။ဝယ္ယူၿပီး ေျမကြက္ကို လွည့္မၾကည့္ဘဲ 2 ပတ္3ပတ္ေလာက္ထားလိုက္မိတယ္။တစ္ေန႔
ဝယ္ယူထားတဲ့ အကြက္ရွိရာကို သြားလိုက္ေတာ့ တျခားတစ္ဦးက အိမ္ေဆာက္လုပ္ေနတာကိုေတြ႕တယ္။ သူလည္း ေတြ႕ေတြ႕ခ်င္းေဒါသထြက္သြားၿပီ

” ငါ့ေျမကြက္ေပၚမွာ ဘယ္ေကာင့္အမိန္နဲ႔ လာက်ဴးေက်ာ္တာလဲကြ”
ဆိုၿပီး ပြဲၾကမ္းပါေလေရာ။

ပြဲၾကမ္းရင္းသိလိုက္ရတာက သူက ဒုတိယဝယ္သူျဖစ္ၿပီး အိမ္ေဆာက္လုပ္ေနသူက
ပထမဝယ္သူတဲ့ေလ။

သူလည္းႀကံရမရျဖစ္သြားခဲ့ပါတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္ဆီလာၿပီး တိုင္ပင္ေဆြးေႏြးပါေတာ့တယ္။
” ဆရာေရ ကြၽန္ေတာ္ ေျမကြက္မွားဝယ္ယူမိလို႔ ဘယ္လိုျပန္လုပ္ရမလဲ မသိပါဘူးဗ်ာ” ဆိုတာကေနစၿပီး သူျဖစ္ပ်က္သမွ်အေၾကာင္းစုံေျပာျပပါေတာ့တယ္။

“ဒါနဲ႔ မင္းေျမကြက္ဝယ္ယူတုန္းက အရပ္စာခ်ဳပ္နဲ႔လား။မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ထားခဲ့တာလား”
“အရပ္စာခ်ဳပ္နဲ႔ပဲ ဝယ္ယူမိခဲ့ပါတယ္ ”

“အဲဒါဆိုရင္ေတာ့ ခင္ဗ်ားပိုင္ဆိုင္ခြင့္ရရွိေတာ့မွာ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားက ဒုတိယဝယ္ယူသူျဖစ္ၿပီး ပစၥည္းလည္း လက္ေရာက္ရွိမေနတဲ့အျပင္ ။ မွတ္ပုံတင္စာခ်ဳပ္နဲ႔လည္း မွတ္ပုံမတင္ထားဘူးဆိုေတာ့ တရားစြဲဆိုရင္လည္း ဥပေဒအရ ပိုင္ရွင္အျဖစ္ကို မေရာက္ရွိတာေၾကာင့္ ပိုင္ဆိုင္ခြင့္
ဆုံးရႈံးရေတာ့မွာပါ”

သူလည္း စိတ္ပ်က္လက္ပ်က္ျဖစ္သြားခဲ့ပါတယ္။

လူတိုင္းက မေကာင္းတဲ့သူရွိသလို ေကာင္းတဲ့သူလည္း ရွိပါတယ္။ ဒါေပမယ့္ လူ႔စိတ္ဆိုသည့္အမ်ိဳးက မျမင္ရသည့္အရာျဖစ္ေသာေၾကာင့္ ဒါေလးကို ဥပမာယူကာ လူႀကီးမင္းတို႔အေနနဲ႔လည္း အိမ္ၿခံေျမဝယ္ယူၾကသည့္အခါ ေရာင္းခ်သူက တျခားတစ္ဦးအေပၚေရာင္းခ်ထားျခင္းရွိမရွိဆိုတာကို ေသခ်ာ
ေလးစီစစ္ၿပီး ဝယ္ယူၾကပါခင္ဗ်ာ။
crd

Unicode

အိမ်ခြံမြေဝယ်ယူကြမည့်သူများအနေဖြင့် သတိထားဆင်ခြင်တတ်ကြစေရန် အတွက် ကျွန်တော့်အသိ ဖြစ်ခဲ့တဲ့ ပြဿနာလေးကို ပြောပြချင်ပါတယ်ခင်ဗျာ။

အကြောင်းကတော့ ကျွန်တော်အသိက သတိမထားမိဘဲ 20×60 မြေကွက်လွတ်ကို ဝယ်ယူမိလိုက်တယ်။ဝယ်ယူပြီး မြေကွက်ကို လှည့်မကြည့်ဘဲ 2 ပတ်3ပတ်လောက်ထားလိုက်မိတယ်။တစ်နေ့
ဝယ်ယူထားတဲ့ အကွက်ရှိရာကို သွားလိုက်တော့ တခြားတစ်ဦးက အိမ်ဆောက်လုပ်နေတာကိုတွေ့တယ်။ သူလည်း တွေ့တွေ့ချင်းဒေါသထွက်သွားပြီ

” ငါ့မြေကွက်ပေါ်မှာ ဘယ်ကောင့်အမိန်နဲ့ လာကျူးကျော်တာလဲကွ”
ဆိုပြီး ပွဲကြမ်းပါလေရော။

ပွဲကြမ်းရင်းသိလိုက်ရတာက သူက ဒုတိယဝယ်သူဖြစ်ပြီး အိမ်ဆောက်လုပ်နေသူက
ပထမဝယ်သူတဲ့လေ။

သူလည်းကြံရမရဖြစ်သွားခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်ဆီလာပြီး တိုင်ပင်ဆွေးနွေးပါတော့တယ်။
” ဆရာရေ ကျွန်တော် မြေကွက်မှားဝယ်ယူမိလို့ ဘယ်လိုပြန်လုပ်ရမလဲ မသိပါဘူးဗျာ” ဆိုတာကနေစပြီး သူဖြစ်ပျက်သမျှအကြောင်းစုံပြောပြပါတော့တယ်။

“ဒါနဲ့ မင်းမြေကွက်ဝယ်ယူတုန်းက အရပ်စာချုပ်နဲ့လား။မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားခဲ့တာလား”
“အရပ်စာချုပ်နဲ့ပဲ ဝယ်ယူမိခဲ့ပါတယ် ”

“အဲဒါဆိုရင်တော့ ခင်ဗျားပိုင်ဆိုင်ခွင့်ရရှိတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ဒုတိယဝယ်ယူသူဖြစ်ပြီး ပစ္စည်းလည်း လက်ရောက်ရှိမနေတဲ့အပြင် ။ မှတ်ပုံတင်စာချုပ်နဲ့လည်း မှတ်ပုံမတင်ထားဘူးဆိုတော့ တရားစွဲဆိုရင်လည်း ဥပဒေအရ ပိုင်ရှင်အဖြစ်ကို မရောက်ရှိတာကြောင့် ပိုင်ဆိုင်ခွင့်
ဆုံးရှုံးရတော့မှာပါ”

သူလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပါတယ်။

လူတိုင်းက မကောင်းတဲ့သူရှိသလို ကောင်းတဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် လူ့စိတ်ဆိုသည့်အမျိုးက မမြင်ရသည့်အရာဖြစ်သောကြောင့် ဒါလေးကို ဥပမာယူကာ လူကြီးမင်းတို့အနေနဲ့လည်း အိမ်ခြံမြေဝယ်ယူကြသည့်အခါ ရောင်းချသူက တခြားတစ်ဦးအပေါ်ရောင်းချထားခြင်းရှိမရှိဆိုတာကို သေချာ
လေးစီစစ်ပြီး ဝယ်ယူကြပါခင်ဗျာ။
crd

Leave a Reply

Your email address will not be published. Required fields are marked *